Monday, May 21, 2012

Computer နဲ့ အမြဲ အလုပ်လုပ်မယ်ဆိုရင်

ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင် မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့ ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။ မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို သက်သာစေနိုင်ပါတယ်။ သင့်မျက်နှာရှေ့တည့်တည့်မှာ လက်ညှိုးထောင်ပြီး လက်ညှိုးကို စူးစိုက်ကြည့်ပါ။ ထို့ နောက် သင့်လက်ညှိုးကို တဖြေးဖြေးချင်း မျက်နှာမှ ဝေးရာသို့ရွှေ့ပြီး မျက်စိအကြည့်ကို အကွာအဝေးအတန်ငယ် ကွာဝေးသော အရာများပေါ်သို့ ရွှေ့ပေးပါ။ ထို့နောက် သင့်လက်ညှိုးကို မျက်နှာရှေ့သို့ ပြန်လည်ထားပြီး စူးစိုက် ကြည့်ပါ။ ပြီးနောက် (၈)ပေအကွာတွင်ရှိသော အရာများကို စက္ကန့်အနည်းငယ်ကြာအောင် စူးစိုက်ကြည့်ပေးပါ။ သည်လေ့ကျင့်ခန်းကို တစ်နေ့ကို အနည်းဆုံး (၃)ကြိမ်ခန့် ပြုလုပ်ပေးပါ။ သင့်တော် မှန်ကန်သော မျက်မှန်၊ မျက်ကပ်မှန်တို့ကိုသာ ၀တ်ဆင်ပါ။ အချို့သော မျက်မှန် မှန်ဘီလူးများ သည် စာဖတ်ရန်အတွက် စီမံထားတာဖြစ်တဲ့အတွက် computer အသုံးပြုရန် မသင့်လျော်လှပါဘူး။
သင့်အလုပ်စားပွဲကို သင့်မျက်စိနှင့်အဆင်ပြေအောင် စီစဉ်ထားခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေနိုင်ပါ တယ်။ Monitor ကို သင့်မျက်စိရှေ့ ၁၈ လက်မ မှ ၃၀ လက်မအတွင်း နေရာတွင်ထားပါ။ အရွယ်အစားသေး သော စာလုံးများကို ဖတ်သောအခါ Font အရွယ်အစားကို ကြီးပေးပါ။
Monitor ကို မျက်စိနှင့်တည့်တည့်နေရာတွင်ထားပြီး အပေါ်အောက်ရွှေ့ကြည့်သောအခါ အဆင်ပြေပါစေ။ အကယ်၍ Monitor သည် သိပ်မြင်လွန်းနေလျှင် သော်လည်းကောင်း၊ နိမ့်လွန်းလျှင် သော်လည်းကောင်း၊ သင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည်။
အကယ်၍ သင့် Monitor ကို CPU (Central Processing Unit) ပေါ်တွင် တင်ထားမည်ဆိုလျှင် CPU ကို ကြမ်းပြင်ပေါ်တွင် ချထားပါ။ အနီးအဝေး ဘိုင်ဖိုကယ်မျက်မှန်တပ်ဆင်ထားသူများသည် ခေါင်းကို နောက်ဘက် သို့လှန်ကာ ခပ်မော့မော့ကြည့်မှသာ မျက်မှန်အောက်ပိုင်းနှင့်အဆင်ပြေမှာ ဖြစ်ပါတယ်။ Monitor ကို အနည်း ငယ် အောက်ဘက်သို့ နှိမ့်ကာထားခြင်းဖြင့်လည်း အဆင်ပြေလွယ်ကူစေပါမယ်။ Keyboard ကို Monitor အရှေ့ တည့်တည့်တွင်သာ ထားပါ။ အကယ်၍ သင့် Keyboard ကို ဘေးဘက်တွင်ထားမည်ဆိုပါက Monitor ဖန်သား ပြင်နှင့် Keyboard ကို တစ်လှည့်စီကြည့်နေရခြင်းဖြင့် အလုပ်မတွင်ဘဲ ကြန့်ကြာတတ်ပေသည်။ မျက်စိကိုလည်း ပိုမိုအလုပ်ပေးရာ ရောက်နေပါလိမ့်မည်။
Computer နှင့်အလုပ်လုပ်နေစဉ် ကိုကားရည်ညွှန်းသော စာအုပ်များ၊ စာရွက်စာတမ်းများကို အနီးအနား တွင်သာ ထားပါ။ စာရွက်စာတမ်းများကို ကြည့်၍စာရိုက်နေစဉ် Monitor ၏ဘေး၊ မျက်စိနှင့်တစ်တန်းတည်း ရှိနေ သော နေရာတွင်သာ ထားပါ။
Monitor ၏ အလင်းရောင်တောက်ပမှုကို အမြဲစစ်ဆေးပါ။ Monitor သည် အလွန်စူးရှတောက်ပနေပါက ဖန် သားပြင်ပေါ်တွင်ရှိသော အရာများကို တွေ့မြင်ရသည်မှာ ခက်ခဲပြီး ကြာလျှင် မျက်စိပျက်စေနိုင်ပါတယ်။ Monitor ကို ပိတ်ထားပြီး Monitor ၏ အရှေ့တည့်တည့်၌ထိုင်ကာ အလင်းရောင်ကို စစ်ဆေးပါ။ အခန်းတွင် မီးအလင်းရောင်၊ နေရောင်ဝင်မှုနှင့် ပုံရိပ်ထင်မှုတို့ကို စစ်ဆေးပါ။ ဖြစ်နိုင်လျှင် Monitor ကို အလင်းရောင်လာ သည့် နေရာနှင့် ထောင့်မှန်အနေအထား နေရာတွင်ထားပါ။ ခေါင်းပေါ်မှလာသော မီးအလင်းရောင်များကို ပိတ် ပစ်ပါ။ စာရေးခြင်း၊ စာဖတ်ခြင်းအတွက် အလင်းရောင်လိုအပ်ပါက အနေအထား၊ နေရာအပြောင်းအရွှေ့ လုပ်နိုင် သော စားပွဲတင်မီး (Adjustable Desk Lamp) ကို အသုံးပြုလျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။
ပြူတင်းပေါက်၊ နံရံအဖြူကဲ့သို့သော အလင်းရောင်ပြန်လာစေနိုင်သော နေရာများ၏ အရှေ့၌ Monitor ကို မထားလျှင် အကောင်းဆုံးဖြစ်ပါတယ်။ Monitor ပေါ်မှ စာများကို ဖတ်ရသည်မှာ သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဖြစ်သည့်အနေအထားတွင်သာ ဖြစ်စေရန် Monitor တောက်ပမှုကို အမြဲမှန်မှန်ညှိပေးရန် လိုအပ် ပါတယ်။
Monitor ကို နေ့စဉ် ဖုန်သုတ်ပေးပါ။ Monitor ပေါ်တွင် ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခြင်းကလည်း Monitor ဖန်သားပြင် တောက်ပမှုနှင့် အလင်းပြန်မှုပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပျင်းမရိနှင့် နေ့စဉ် ဖုန်သုတ်အလုပ်ကလေး လုပ်ကြရအောင်။
အခုဆိုလျှင် အဖိုးထိုက်တန်လှတဲ့ မျက်စိများအတွက် စိတ်ချလက်ချ ဖြစ်နိုင်သလို Computer နှင့် အလုပ်လုပ် ခြင်း လုပ်ငန်းများမှာလည်း အလုပ်တွင်နိုင်မှာ ဖြစ်ပါတယ်...။

(ဟနစံ ၏ ကွန်ပျူတာနှင့်အလုပ်လုပ်ကြရာဝယ်...) စာအုပ်အား ကူးယူဖော်ပြထားပါသည်။

မိုဒမ်ဆိုတာ ဘာလဲ?

မိုဒမ် (Modem) လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်သူ တော်တော်များများလည်း တွေ့ဖူးမြင်ဖူးကြမှာပါ။ သို့ပေမယ့် ဒီခေတ်ထက် အရင်ခေတ်တွေက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာက မြန်နှုန်းမြင့် အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးမပြုပဲ၊ အလွန်နှေးကွေးတဲ့ တယ်လီဖုန်းလိုင်း ကတစ်ဆင့် အင်တာနက်သုံးရတဲ့ (Dail-up Connection) ခေတ်တုန်းကလိုပေါ့ .. ဥပမာအနေနဲ့ ပြောရရင်ပေါ့။

ဒီလိုဆိုတော့ တယ်လီဖုန်းလိုင်း မှတစ်ဆင့် အင်တာနက်သုံးရင် (Dail-up) လို့ခေါ်ဆိုပါတယ်။ အဲဒီ တယ်လီဖုန်းနဲ့ အင်တာနက် ချိတ်ဆက်မှု လုပ်ချင်တယ်ဆိုရင် အပေါ်မှာ ပြောသလိုပဲ (Modem) မိုဒမ်လိုပါမယ်။ မိုဒမ် မရှိရင် တယ်လီဖုန်းမှ တစ်ဆင့် အင်တာနက်ချိတ်ဆက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

အဲဒီလိုဆိုတော့ မေးစရာ မေးခွန်းအချို့ပေါ်လာမယ် ဖြစ်ပါတယ်။ ဘာလဲဆိုတော့ .. မိုဒမ်က ဘာဖြစ်လို့ တယ်လီဖုန်းနဲ့ အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ မရှိမဖြစ် သုံးရတာလဲ? … ။ မေးသင့်ပါတယ်။ မှန်ပါတယ် .. သူက မရှိမဖြစ်လိုအပ်ပါတယ်။ ကြည့်ရမယ်ဆိုရင် တယ်လီဖုန်းဆိုတာက (Analog Signal) အန်နလော့လိုင်းကြောင်းနဲ့ (data) အချက်အလက်တွေကို (Destination)လို့ခေါ်တဲ့ ဦးတည်ချက်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ (Analog) အကြောင်းကို နောက်အခန်း တစ်ခုမှာ ဖော်ပြထားပါတယ် . .. ဖတ်ရှုရန်အတွက် .. (ဒီမှာနှိပ်ပါ)။

ဇာတ်လမ်းက အခုမှ စပါတယ် .. :P ။ ကျနော်တို့ သုံးနေတဲ့ ကွန်ပျူတာဆိုတာက (0 or 1) ပဲ နားလည်ပါတယ်။ “သုည”နဲ့ “တစ်”ပေါ့ဗျာ။ (0 or 1) လို့ပြောလိုက်ရင် အဲဒါ(Digital) ဖြစ်ပါတယ်။ Digital ဆိုတာက ဂဏန်း(၂)လုံးပဲ နားလည်တဲ့ စနစ်ဖြစ်ပါတယ်။ (သုည) သို့မဟုတ် (တစ်) ဒါအကုန်ပဲ :D ။ ဆန်းတယ်နော် .. (သုည)က ဘာကို ရည်ရွယ်လဲဆိုတော့ (မရှိဘူး/ပိတ်ထားတယ် = Off)လို့ ဆိုပါတယ်။ အဲဒီမှာ (1) ဆိုတာက (ရှိတယ်/ဖွင့်ထားတယ် = On) လို့ အဓိပ္ပါယ် ထွက်ပါတယ်တဲ့။ အဲဒီလိုပဲ 01010011 တွေနဲ့ပဲ အလုပ်လုပ်တဲ့ စနစ်ကို (Digital) စနစ်လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။ Digital ရဲ့ Signal လိုင်းကြောင်းဟာ Analog နဲ့ ကွားခြားမှုကြောင့် သူတို့(၂)ယောက် ချိတ်ဆက်မှု ပြုလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့နှစ်ယောက်က လူမျိုးခြား နှစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်စကား တစ်ယောက် နားမလည်ကြပါဘူး။

ကဲ .. သူတို့နှစ်ဦးကြားပြေလည် ဆက်သွယ်နိုင်ရန်အတွက် “စကားပြန်” လိုလာပါတယ်။ အဲဒီစကားပြန်က အခြားသူမဟုတ်ပါဘူး အခုဏအပေါ်မှာ ပြောခဲ့တဲ့ (Modem) ကြီးသာ ဖြစ်ပါတယ်ခင်ဗျ။ သူက (modulator-demodulator) ဆိုတဲ့ မူရင်းအဓိပ္ပါယ်က ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

Analog —–> (Modem) <—– Digital

အကျဉ်းချုပ်အရ ပြောရမယ်ဆိုရင် .. ကွန်ပျူတာဆိုတာ (Digital) ကိုပဲ နားလည်တဲ့ (Digital Device) ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းက (Digital) ကို နားမလည်ပါဘူး။ Analog ကိုသာ နားလည်ပါတယ်။ ထိုကဲ့သို့ တစ်ဦးကိုတစ်ဦး နားမလည်သော ပစ္စည်းနှစ်ခု တွဲပြီးအသုံးပြုလိုပါက ကြားခံပစ္စည်း (Translator) ဘာသာပြန် ပစ္စည်းလိုအပ်ပါတယ်။ အဲဒါ ကျနော်ပြောချင်တဲ့ Modem အကြောင်းပဲ ဖြစ်ပါတော့တယ်ခင်ဗျား … ။ မောသွားတာပဲ .. ဟီး :P …. ။ မရှည်ရှည်အောင် ရေးတယ် မထင်ပါနဲ့ ခင်ဗျာ။ အတတ်နိုင်ဆုံး ရိုးရှင်းအောင် ကိုယ်နားလည်သလိုလေး ရေးလိုက်မိလို့ပါ။

မိုဒမ်အမျိုးအစားများ

မိုဒမ် (Modem) အမျိုးအစား (၂)မျိုးရှိပါတယ်။

(1) Internal Modem (စက်ထဲမှာ ကဒ်ဆိုက်ထည့်ရတာပါ)
(2) External Modem (ပုံမှာ ပြထားတဲ့အတိုင်းပါပဲ)

(1) Internal Modem စက်အတွင်းပိုင်းမှာ စိုက်ပြီးသုံးရတဲ့ အမျိုးအစားဖြစ်တဲ့အတူ Desktop (or) Laptop ကွန်ပျူတာ တွေမှာ တွေ့ရမယ် ဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာ နေရာမယူတော့ဘူးပေါ့။ သူ့မှာ အပေါက် (၂)ပေါက်ပဲ ပါပါတယ်။ တယ်လီဖုန်း အ၀င်ပေါက်နဲ့ အထွက်ပေါက်။ သူ့အတွက် ကွန်ပျူတာ Motherboard မှာ ကဒ်ဆိုက်ပြီးသုံးရတဲ့အတွက် (Power) သီးသန့်ပေးဖို့ မလိုအပ်ပါဘူး။

(2) External Modem ဆိုတာက ကျနော်တို့ စားပွဲခုံပေါ်မှာ တွေ့တွေ့နေရတဲ့ စက်ပစ္စည်းလေး တစ်ခုပါ (Dail-up) အင်တာနက် စနစ် သုံးဖူးသူတိုင်း ကောင်းကောင်းရည်းနှီး ကျွမ်းဝင်ပါတယ်။ သူ့မှာလည်း ထိုနည်းတူ တယ်လီဖုန်းအ၀င်/ထွက် အတွက် အပေါက်(၂)ပေါက် ပါတယ်။ ပြီးတော့ (Data) လမ်းကြောင်း (USB) ပါကောင်းပါပါမယ်။ ပြီးတော့ Power ပေးဖို့အတွက်လည်း လိုအပ်ပါတယ်။

မသိသေးတဲ့ သူတွေအတွက်ပါ။

HTML ဆိုတာဘာလဲ?

HTML ဆိုတာကို အရှည်ပြောရရင်တော့ Hyper Text Markup Language လို့ပြောရပါလိမ့်မယ်။ ဟိုလူကပြော ဒီလူကပြော ပြောပြောနေကြမယ့် HTML ဆိုတာဟာ ကျွန်တော်တို့ ဘယ်အချိန်ကြည့်ကြည့် ဘယ် website ကိုကြည့်ကြည့် မြင်ရသမျှကို web browser ကပြနိုင်ဖို့ အတွက် အဓိကလိုတဲ့ file တစ်ခု (သို့မဟုတ်) text file တစ်ခုပါပဲ။
အခုအချိန်မှာ XHTML ဆိုတဲ့ standard မှီတဲ့ HTML language သာ သုံးတော့ပေမယ့် အဲ့ဒီ့ XHTML ကိုလည်း အများအားဖြင့် HTML လို့သာခေါ်ကြပါတယ်။
ဘာကွာလည်းတော့ ခေါင်းနောက်သွားမှာ စိုးတဲ့အတွက် နောက်မှပဲ ရှင်းပြပါတော့မယ်။ လိုရာကိုပဲပြောပြီး HTML ဘယ်ကစလဲ? ဘယ်သူထွင်လဲ? ဘယ်တုန်းကလဲ? စတဲ့ သမိုင်းသင်ခန်းစာတွေ ကိုကျော်လိုက်ရအောင်။

HTML ဘယ်လိုရေးမလဲ?

လွယ်ပါတယ်။ Notepad နဲ့ ရေးပါတယ်။ တကယ်လို့ notepad နဲ့ တဖြည်းဖြည်း html ကို နားလည်လာပြီဆိုရင် web development အတွက်သုံးနိုင်တဲ့ IDE တစ်ခုခုကို ပြောင်းသုံးပြီး ဆက်ရေးနိုင်ပါတယ်။
HTML မှာ Tag တွေကို သုံးပြီး mark up လုပ်ပါတယ်။ Tag အမျိုးအစားပေါ်မူတည်ပြီး ဘာပြပေးရမယ်ဆိုတာကို web browser က ကြည့်ပြီး ပြပေးပါတယ်။
ဥပမာ  ဆိုတဲ့ Tag မျိုးကိုတွေ့ရင် anchor သို့ link ပြပေးရမယ်၊

ဆိုတဲ့ tag မျိုးကိုတွေ့ရင် ကြားထဲမှာရှိတဲ့ စာကို paragraph တစ်ခုအနေနဲ့ ပြပေးရမယ်ပေါ့။
HTML tag တွေမှာ characteristic လေး တချို့ ရှိပါတယ်။ သူတို့တွေမှာ
1. အကြောင်းရှိတယ်
2. ဆွေမျိုးရှိတယ်
3. အစနဲ့ အဆုံးရှိတယ်

အကြောင်းရှိတဲ့ HTML tag

HTML tag တွေမှာ သူတို့ကိုယ်ပိုင် အကြောင်းအရာလေးတွေ (Attribute တွေ) ရှိပါတယ်။
ဥပမာ Link တစ်ခုကိုရေးတဲ့ HTML tag တစ်ခုဟာ
Go to mmhan.net ဆိုရင်
အဲ့ဒီ anchor link ရဲ့ attribute တွေဟာ href နဲ့ title ပါပဲ။
အဲ့ဒီ့ attribute တွေဟာ HTML tag ရဲ့ အလုပ်လုပ်ပုံ၊ display ပြပုံကို သတ်မှတ်ပါတယ်။
ဒီဥပမာမှာ href ဆိုတဲ့ attribute ဟာ ဒီ link ကို click နှိပ်လိုက်ရင် ဘယ်သွားမယ်လို့ ပြောပေးပြီး၊ title ဆိုတဲ့ attribute ဟာ ဒီ link ပေါ်မှာ mouse တင်ထားရင် ဘယ်စာ ပြရမယ် ဆိုတာမျိုးကို သတ်မှတ်ပေးတာပေါ့။

ဆွေမျိုးရှိတဲ့ HTML tag

ဆွေမျိုးရှိတယ်လို့ ဘာလို့ပြောရလဲဆိုတော့ သူတို့တွေဟာ Tree Structure နဲ့ ရှိနေလို့ပါ။ အောက်က code ကို တချက်ကြည့်ကြည့်ပါ။
view plaincopy to clipboardprint?
1.

2.

3.
I'm a child of

4.
Me too!!

5.

6.
I'm sibling of

7.

I'm a child of

Me too!!

I'm sibling of

အဲ့ဒီ့ code မှာတွေ့ရတဲ့ အတိုင်းပဲ၊
ဆိုတဲ့ division tag ဟာ တခြား HTML tag တွေနဲ့ယှဉ်ရင် tree structure ရဲ့ အပေါ်ဆုံးမှာရှိနေပြီး၊ သူ့ရဲ့ child တွေ အဖြစ်
နဲ့
ဆိုတဲ့ heading-3 tag ရှိပါတယ်။
HTML ကိုရေးပြီဆိုရင် အဲ့ဒီ့လိုပဲ tree structure နဲ့ရေးရပါတယ်။

အစနဲ့ အဆုံးရှိတဲ့ HTML tag

HTML ရေးပြီဆိုရင် အစနဲ့ အဆုံး tag တွေ မရှိမဖြစ် ရှိရပါတယ်။
အပေါ်မှာပြသွားတဲ့ code အရ
ရဲ့ child တွေကို အုပ်ထားတဲ့
ဟာ သူ့ရဲ့ အဆုံး tag ပါ။

ရဲ့ အဆုံး tag ဟာ

ရဲ့ အဆုံး tag ဟာ
ဖြစ်ပြီး
ရဲ့ အဆုံး tag ဟာ
၊  ပါ။
ဒီတော့ အဆုံး tag ကိုရေးချင်ရင် အစ tag ရဲ့ < အပြီးမှာ / ထည့်ရတယ်လို့ တွေ့ပါလိမ့်မယ်။
တစ်ခါတစ်လေမှာတော့ child မရှိတဲ့ HTML tag တွေရှိတတ်ပါတယ်။
ပုံပြတဲ့  tag ဟာ အဲ့ဒီ့ထဲက တစ်ခုပေါ့။
သူ့ကိုရေးတဲ့အခါမှာတော့
ဆိုပြီး tag ရဲ့ အဆုံး > မတိုင်ခင်မှာ / ကိုထည့်ပြီး အဆုံးသတ် ပေးရပါတယ်။
ကဲ အခုလောက်ဆိုရင်တော့ HTML နဲ့ မေးထူးခေါ်ပြော အဆင့်လောက်ထိ အကျွမ်းတ၀င်ရှိသွားပြီပေါ့… Expert များ အနေနဲ့ ကျွန်တော် လိုတာများရှိခဲ့ရင် comment ထဲမှာ ပြောပေးကြပါလို့…
မသိသေးတဲ့ သူတွေအတွက်ပါ။

Online တွင် မိမိအကောင့် လုံခြုံရေးအတွက် အဆင့် (၁၀) ဆင့်

၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန်
အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious
code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine
နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link
တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က
Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော
malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့
Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့
unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့
တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ
(http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ?
http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း
ကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိအမှတ်ပြုထားတဲ့ personal
portfolio တွေ နဲ့ forums တွေ။ ဒါက
အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....

၂) မှန်းဆရခက်သော password ပေးခြင်း
တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။
နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။
နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို
ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal
စသည့်ဖြင့်ပေးကြပါတယ်။
ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။
ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။

၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့

တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail
တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက
official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ်
system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password
ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။

၎) Password ကိုမကြခဏပြောင်းပါ။
ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃
နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။

၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။

အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot
လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online
Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။
အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save
password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE
ဆိုရင် Tools > Internet Options > Content > AutoComplete.
Uncheck option “User names and passwords on forms” and click on “Clear
Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or
Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့်
ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။

၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။
Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။

၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့

ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။

၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး
ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို
စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့်
တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။
နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။

၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ
ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့
ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE
ဆိုရင် clicking Tools > Internet Options > Delete Cookies and
Delete Files

၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ

မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက်
သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။

Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။
အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား
အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး
မိမိတို့ရဲ့ Info ကိုခိုးတာပါ။

***  Eleven November မှကူးယူ ဖေါ်ပြပါသည် ။

အပါယ်လေးဘုံအကြောင်းသိကောင်းစရာ

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဟူသော သမ္ပတ္တိသုံးမျိုး၏ ဖြစ်ကြောင်း
ကုသိုလ်ကောင်းမှုကို အယ-ဟုပါဠိလို ခေါ်သည်။
(တိဝိဓသမ္ပတ္တိယော အယန္တိ ဂစ္ဆန္တိ ပ၀တ္တန္တိ ဧတေနာတိ အယော-ကို ဘာသာပြန်ခြင်းဖြစ်သည်)။
အယတော+အပဂတော အပါယော၊ ကောင်းမှုမှကင်းသော (ကုသိုလ်ကောင်းမှုတို
့ကိုပြုခွင့်များစွာ မရ၊ အကုသိုလ်တွေသာ များပြားလှသော) ဘုံဌာနကို
အပါယ-အပါယ်ဘုံဟု ခေါ်သည်။

အပါယ်လေးဘုံဟူသည် (၁) ငရဲ၊ (၂) တိရိစ္ဆာန် (၃) ပြိတ္တာ (၄) အသုရကာယ်ဟု
လေးမျိုးရှိသည်။

*ငရဲခန်း*

ချမ်းသာသုခ နည်းနည်းမျှ မရှိသောကြောင့် နိရယ-နိရဲ- ငရဲ-ဟုခေါ်ဝေါ်ကြသည်။
ထိုငရဲကား သဉ္ဖိုဝ်း ကာဠ သံဃာတနှင့် ရောရုဝနှစ် တာပန်နှစ် တွက်စစ် အ၀ီစိ-
ဟုရှစ်ထပ်ရှိ၏။ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးဝယ် အောက်
တစ်သိန်းနှစ်သောင်းမှာ ကျောက်မြေဖြစ်၍ အထက် တစ်သိန်းနှစ်သောင်းသာလျှင်
ပကတိမြေသား ဖြစ်သတဲ့။ အထက်မြေသားအတွင်း၌ ထိုငရဲကြီးရှစ်ထပ် တည်ရှိနေရကား
တထပ်နှင့် တထပ်အကွာဝေး မှာ (တသိန်းနှစ်သောင်းကို ရှစ်ဖြင့်စား၍) ယူဇနာ
တစ်သောင်း ငါးထောင်စီကွာဝေးသတဲ့။
ဆိုလိုရင်ကား လူ့ ပြည်မှ ယူဇနာ တစ်သောင်း ငါးထောင်ဝေးသော အရပ်၌ သဉ္ဖိုဝ်း
ငရဲတည်ရှိ၏။
ထိုနောက် ယူဇနာ တစ်သောင်း ငါးထောင်ဝေးသော အရပ်၌ ကာဠသုတ် ငရဲတည်ရှိ၏။
ဤသို့ စသည်ဖြင့် တစ်ထပ်နှင့် တစ်ထပ် ယူဇနာ တစ်သောင်း ငါးထောင်စီဝေးသည် ဟူလို။

*ယမမင်း*

စာတုမဟာရာဇ်နတ်တို့ တွင် အပါအ၀င်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင် ယမမင်း
ဟုခေါ်၏။ တခါတရံ နတ်စည်းစိမ်ခံစား၍ တစ်ခါတလေမှာမူ မကောင်းမှုကံအကျိုးကို
(ရိုးရိုးပြိတ္တာများကဲ့သို) ခံစားရရှာသေး၏။ ထိုယမင်းကား တစ်ယောက်သာမက
အများအပြား ပင်ရှိလေသည်။ လူ့ ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း
ငရဲဘုံ၏ တံခါးလေးဖက် ၌ရုံးစိုက်ကြပြီးလျှင်
ငရဲသို့ ရောက်လာသော သူများကို စစ်ဆေးမေးမြန်းကြ၏။ သို့ သော် ငရဲသို
့ရောက်လာသောသူတိုင်း အစစ်ဆေးခံရသည်မဟုတ်။ အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှား သူတို
့မှာ တခါတည်း ငရဲသို့  ကျကုန်၏။ အကုသိုလ်နည်းပါး သူများအတွက် လွတ်လိုလွတ် ငြား
အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင် ရကြပေသည်။ ထို့ ကြောင့် ယမမင်း၏
စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်၊
လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်သာ ဖြစ်သည်။

*ငရဲထိန်း*

ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။
ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသော သူများကို
ယမမင်းထံသို့ ပို့ ခြင်း၊
ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ
သတ်ပုတ်ရိုက်နက်ခြင်း ပင်တည်း။
ငရဲမီးစသော အန္တရာယ်တို့ လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်ကြရကား
ငရဲခံရမည့် သူများ၌သာ
ပူလောင် ၍ ထိုငရဲထိန်းတို့ ၌ မပူလောင်ချေ။

*ယမင်းစစ်တမ်း*

အများကြားဖူးနားဝရှိအောင် ဒေ၀ဒူတသုတ်ပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို
အကျဉ်းချုပ်မျှပြဦးမည်။
လူ့ ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို (၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား
ဤငါးဦးသားကို ယမမင်း
စေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေ၀ဒူတ-ဟုခေါ်ဝေါ်ရသည်။
(ဒေ၀-ယမမင်း၊ ဒူတ-တမန်းတော်)။

ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေ၀ဒူတ ငါးမျိုးကို
ဖေါ်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း- လူ့ ပြည်မှာတုန်းက ကျင်းကြီး ကျင်ငယ်ကိုပင်
မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ
့ဘူးခဲ့ဘူးလား?

ငရဲသား။ ။ တွေ့ ခဲ့ဘူးပါသည်ဘုရား

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို
ကြည့်ရှု့ ၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ ရာ နောင်အခါ
ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ်က
ကိုယ်နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်-ဟု
အကြံအစည်းများ မဖြစ်ခဲ့ဘူးလား မောင်မင်း။

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မ၀င်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း- မကောင်းမှုကို ဆွေးမျိုး ဉာတကာ ဆရာမိဘ စသူတို့ က
ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို
့ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။
သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍ စတုတ္ထ တစ်ကြိမ်၊
အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်းအောင် မေး၍
ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုတိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က
မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖေါ်၍ ဖြစ်စေ၊
မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍
နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ
အားထားရကြောင်း ထင်ရှာသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ
ငရဲသားကို ငရဲထိန်းတို့ ယူဆောင် လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်၊။
(ထို့ ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှဝေသင့်သည်)၊

တိရိစ္ဆာန်ဘုံ။ ။ တိရော အဉ္စန္တီတိ တိရစ္ဆာနာ- ဖီလာ၊ အလျားလိုက်သွားတက်သောကြောင်း၊
တိရိစ္ဆာန်ခေါ်သည်။ လူနတ်တို့ ကဲ့သို့ မတ်မတ်မသွားဘဲ အလျားလိုက်တက်သော
သတ္တ၀ါများဖြစ်သည်။ သူတို့ အတွက် ဘုံသီးခြားမရှိ။ တိရိစ္ဆာန်အများစု
စုဝေးနေထိုင်ရာ အရပ်ကိုပင် တိရိစ္ဆာန်ဘုံ-ဟု ခေါ်စမှတ်ပြုရသည်။
ထိုတိရိစ္ဆာန်များကား ကုန်း၌နေသော သားကောင်အမျိုးမျိုး ငှက်အမျိုးမျိုး မြွေစသော
သတ္တ၀ါးများနှင့် ရေ၌နေသော ငါးလိပ်စသော သတ္တ၀ါများတည်း။

ပြိတ္တာဘုံ။ ။ သုခသမုဿယတော ပကဋ္ဌံ ဧန္တီတိ ပေတာ- သုခအပေါင်းမှ ဝေးသောအရပ်သို့ 
ရောက်သောသတ္တ၀ါများကို ပြိတ္တာ-ဟုခေါ်သည်။ ဘုံသီးခြားမရှိ။ ပြိတ္တာတို့ 
နေရာဖြစ်သော တော၊ တောင်၊ မြစ်ချောင်း၊ သုဿာန်စသော အရပ်များကိုပင်
ပြိတ္တာဘုံ-ဟုခေါ်ရသည်။ ဤပြိတ္တာများကား တစ္ဆေ၊ မှင်စာ၊ သူရဲ၊ ဘီးလူမှ
စ၍အမျိုးမျိုးရှိ၏။ နှစ်ပေါင်းများစွာ မစားရ မသောက်ရ အချို့ မှာ လူများ၏
ထမင်းလုံး၊ ဟင်းပေါက်၊ သလိပ်၊ ချွဲ၊ တံထွေး၊ မစင် စသည်တို့ ကိုသာစားသောက်ရသည်။

အသုရကာယ်။ ။ အသုရာဟူသည် ပြိတ္တာမျိုးပင် ဖြစ်၏။ အသုရာအပေါင်း၏ နေရာအရပ်ကို ပင်
အသုရကာယ်ဘုံဟု ခေါ်သည်။ ထိုအသုရာတို့ သည်၊ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်း စသည်၌ နေတက်ကြ၏။
အင်မတန် မွတ်သိပ်ဆာလောင်ကြသည်။ တချို့ အသုရာတို့ မှာ ဘုရားနှစ်
ဆူ သုံးဆူ ပွင့်သော်လည်း တစ်ကြိမ်မျှ မစား မသောက်ကြရလေကုန်။

အသုရာအမျိုးမျိုး။ ။ ဤပြိတ္တာအသုရာအပြင် အသုရာအမည်ရသော အခြားအမျိုးအစား
လည်းရှိသေး၏။ (၁) မြင်းမိုရ်တောင်အောက်၌ နေသော နတ်များ၊ (၂)
ဘုမ္မစိုးနတ်ကြီးများ
ကိုမှီခိုကပ်ရပ်လျက် ဣဒ္ဓိပါဒ်နုံ့ နဲ့ လှသော နတ်ကလေးများ၊ (၃) တစ်ခါတစ်ခါ
နတ်ကဲ့သို့  စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့  ဒုက္ခခံရသော
ဝေမာနိကပြိတ္တာများ၊ (၄) လောကန္တရိတ်ငရဲများ။

*အရှင်နာယကာလင်္ကာရ*

လူတစ်မျိုးရှိသည်

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက်  အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစ အရာရာ  သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်က  နားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသော မေတ္တာကိုခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသော အချိန်လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ်တောက်တောက်ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေး နေတတ်သည်။  ထိုလူမျိုးကို *မိဘ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီးအရင်းချာကဲ့သို့  ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွင် ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို  မျှဝေပေးတတ်သည်။ ဆူပူကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။ ထိုလူမျိုးကို *ဆရာ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်းလုတတ်သေးသည်။ ကိုယ့်ဝေစုကို  လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတောလုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားသူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးကြသည်။ ထိုလူမျိုးကို *မောင်နှမ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မတွေ့မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင် ရင်တွေခုန်က ဆွံအနေတတ်သည်။
စိတ်ထဲ၊ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးဆိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့်
အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို *ချစ်သူ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တခြားသူ မသိသော ကိုယ်၏ လှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး၊ ၀မ်းနည်းနေသည့်
အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နှင့်
နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထပ်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို *သူငယ်ချင်း* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မိဘ၏ ဆိုဆုံးမမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏
သွန်သင်ဆုံးမ မှုအောင်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏
ကြင်နာယုယမှုအောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏
ကူညီမှုအောက်တွင် ဘ၀၏ တက်လမ်းကို ရွှေးချယ်တတ်လာခဲ့သည်။ ထိုသူများသည်
ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။
သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို
ပျော်ရွှင်မှုများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း
လှိုက်လှိုက်လဲလဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။
ထိုလူမျိုးများမှာ *ကိုယ့်ကိုယ်တိုင်* ပင်ဖြစ်ပါတော့သည်။

ကျန်းမာစစ်ဆေး သက်ရှည်ရေး ကျန်းမာရေးဆေးစစ်ခြင်းနှင့်ကင်ဆာရောဂါ

Health Update Journal မှ ကူးယူဖော်ပြပေးသည်။

နာတာရှည် ကူးစက်ရောဂါမဟုတ်တဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါတွေက၊ ကျန်းမာရေးဆေးစစ် ... ခြင်းဖြင့် ရောဂါဖြစ်လာမည့် အရေးကို ဘယ်လိုသိရှိကာကွယ်နိုင်တယ်ဆိုတာ ထိုက်သင့်သလောက်သဘောပေါက်ပေမဲ့ လူအများကြောက်ရွံ့နေကြတဲ့ တိတ်တဆိတ်လူသတ်သမား၊ ကင် ဆာရောဂါနဲ့ပတ်သက်လို့တော့ ဘယ် လိုအကျိုးထူးရှိမှာလည်းဆိုပြီးမိတ်ဆွေ ဖြစ်သူကစပ်စုလာပါတယ်။ တချို့က လည်းကင်ဆာရောဂါဆို တာစသိတာ နဲ့ရောဂါအဆင့်လွန်ပြီး ကုသလို့မရဘဲ သေကြတာဖြစ်လို့ ကျန်းမာရေး ဆေးစစ်လို့ကောဘာအကြောင်းထူးမှာလည်း ဆိုပြီး မိမိတို့အတွေ့အကြုံအရထင်ရာ မြင်ရာပြောနေကြပါတယ်။ တကယ်တော့ ကင်ဆာရောဂါ ဆိုတာ မတော်တဆထိခိုက်ဒဏ်ရာရသလို ကူးစက်ရောဂါတွေလို ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ရောဂါမဟုတ်ပါဘူး။ ကင်ဆာရောဂါဟာ ဘာကြောင့်ဖြစ် တယ်ဆိုပြီး သီးသန့်အကြောင်းရင်းကို မသိကြပေမဲ့ ဘယ်လိုအကြောင်းအခြင်းရာတွေနဲ့ ဆက်နွယ်မှုရှိတယ်။
ဘယ်လိုအခြေအနေတွေဟာကင်ဆာ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာထိုက်သင့် သလောက်တော့ သိထားကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းလိုလိုမှာ ကင်ဆာဖြစ်နိုင်တာမို့ ကင်ဆာအမျိုး အစားပေါင်းလည်းများစွာရှိကြပါတယ်။ တချို့ကင်ဆာဟာ မျိုးရိုးလိုက်တတ်သလို တချို့ကြတော့ လည်းနေထိုင်စားသောက်မှုစရိုက်တွေက ကင်ဆာဖြစ်စေဖို့တွန်းပို့တတ်ပါတယ်။ ရင်သားကင်ဆာ (၅.၁၀%)မှာ ကင်ဆာမျိုးရိုးလိုက်တတ်သလိုဆေးလိပ်စီးကရက်သောက်သူတွေဟာ အဆုတ် ကင်ဆာအဖြစ်ပိုများပါတယ်။ အရက်အသောက်များပြီး အသည်းရောင်အသားဝါဘီပိုး၊ စီပိုးရှိသူတွေကတော့ အသည်းကင်ဆာအဖြစ်များပြီး  H.Pylori ပိုးကြောင့် အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ရောဂါရှိ သူတွေကတော့ အစာအိမ်ကင်ဆာရောဂါ ပိုဖြစ်တတ်ကြပါတယ်။ ကျန်းမာရေးဆေးစစ်လို့ ဒီလိုအကျင့်စရိုက်
တွေ ရောဂါတွေရှိနေရင်တော့ ပိုဂရုစိုက်စောင့်ကြည့်ပြီး ဒီရောဂါတွေကို ကြိုတင်ကုသပျောက်ကင်းစေပါကကင်ဆာရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ အူမကြီးကင် ဆာဟာ ဟင်းသီးဟင်းရွက်အစား နည်းပြီး အသားစားများတဲ့သူတွေမှာ ဖြစ်တာများသလို familial adenoma tous polyposis အသားပိုလုံးရောဂါတွေ GUlcerative colitis အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းတဲ့ ရောဂါတွေမှာ အချိန်ကြာလာတာနဲ့ အမျှကင်ဆာဖြစ်ပွားမှုဟာလည်း ပို ကြီးမားလာတတ် ပါတယ်။ ဒီရောဂါ တွေကိုလည်းသတိပိုထားပြီးစောင့်ကြည့် ပါကကင်ဆာရောဂါကိုစောစီးစွာနုစဉ် မှာသိရှိ ကုသပျောက်ကင်းစေသလို ကင်ဆာမ ဖြစ်မီထိထိရောက်ရောက် ကုသပေးပါက ကင်ဆာရောဂါကာ ကွယ်ပြီးသားဖြစ်သွားတာပါပဲ။ အမျိုးသမီးတွေရော အဖြစ်များ တဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာတွေကတော့ ကျန်းမာရေးဆေးစစ်ရာမှာ အလွယ်တကူလည်း စမ်းသပ်ရှာဖွေတွေ့ရှိနိုင် သလိုကင်ဆာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုလည်း စစ်ဆေးဖော်ထုတ်နိုင်တာမို့ ဒီကင်ဆာရောဂါတွေကို ကာကွယ်ရာမှာ၊ ပျောက်ကင်း အောင်ကုသရာမှာ အထူးပဲအကျိုးများလှပါတယ်။ရင် သားဟာရင်ဘတ်ရဲ့အရေပြားအောက်မှာတည်ရှိနေတဲ့ ခန္ဓာအစိတ်အပိုင်း ဖြစ်ပြီး ထင်သာမြင်သာရှိကာ အလွယ်တကူစမ်းသပ်စစ် ဆေးနိုင်တာမို့ အကြိတ်အဖုရင်သားမှာ ရှိနေပါက စောစီးစွာသိရှိနိုင်မှာ ဖြစ်ပါတယ်။ ကာယကံရှင်အနေနဲ့ လစဉ်ရာသီပေါ် ပြီး(၁)ပတ်အတွင်းမှာစနစ်တကျကိုယ့်
ဖာသာကိုယ် ရင်သားနဲ့ ချိုင်းတွေကို
စမ်းကြည့်ဖို့တော့လိုအပ်ပါတယ်။(၉၀-၉၅%)သော ရင်သားအကြိတ်
တွေဟာကင်ဆာ မဟုတ်ကြပေမဲ့
(၅.၁၀%)ဟာ ကင်ဆာဖြစ်နေတယ်
ဆိုတာကိုတော့ တတ်သိကျွမ်းကျင်တဲ့
သမားတော်တွေနဲ့ပြသ စစ်ဆေးဖို့
တော့လိုအပ်လှပါတယ်။ သမားတော်
တွေကလည်းမသေချာပါက ရင်သား
ကို အသံလှိုင်း Ultrasound ဖြင့် စစ်
ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ် ဆေးခြင်း
Mammogram များပြုလုပ်ပြီး ကင်
ဆာဖြစ်နိုင်၊ မဖြစ်နိုင်ကိုဆုံး ဖြတ်ရပါ
တယ်။ နောက်ဆုံးလိုအပ်ပါကအသား
စကို ထုတ်ယူစစ်ဆေးခြင်း Biopsy
လုပ်ခြင်းဖြင့်တိကျတဲ့အဖြေကို ရပြီး
မှန်ကန်တဲ့ပြီး ပြည့်စုံတဲ့ ကုသခြင်းဖြင့်
ရောဂါကိုကာကွယ်တားဆီးခြင်းပျောက်
ကင်းစေခြင်းများဖြင့်ကာယကံရှင်အား
ရောဂါကင်းဝေးပြီးအသက်ရှည်စေရန်
အကျိုးပြုမှာဖြစ်ပါတယ်။
ကျန်းမာရေးဆေးစစ်ဆေးတဲ့
အကျိုးကျေးဇူးကို မသိနားမလည်
မတတ်နိုင်ဘဲ အဝိဇ္ဇာ၊ မိစ္ဆာဒိဋ္ဌိဖုံးလွှမ်း
နေတဲ့သူတွေကတော့ ရမ်းကု ဝိဇ္ဇာ ငါ
ဆရာလုပ်သူကလုပ်၊ နားမလည်သူက
အကြံပြုလို့ တတ်ရောင်ကားတွေနဲ့
ကုသကြပြီးနောင်ရောဂါ အဆင့်ရင့်ပြီး
ကုသလို့မရနိုင်တော့တဲ့အခြေရောက်မှ
လာပြသကြတာတွေအတော်လေးများ
နေကြပါတယ်။ ကုသလို့မပျောက်
ကင်းနိုင်တဲ့အခြေရောက်မှလာပြတော့
ခံစားရမှုသက်သာရုံ၊ ပိုအသက်ရှည်ရုံ
လောက်သာကုသပေးရပြီးလူနာဒုက္ခ
ရောက်တာမြင်တော့ ကင်ဆာရောဂါဆိုတာကုသလို့မရပါဘူး။သေတာ
ချည်းပဲ၊ဆေးစစ်လို့ကောဘာအကြောင်း
ထူးမှာလည်းလို့ မှားယွင်းစွာယူဆကြ
သူတွေများလို့ ယခုလိုကျန်းမာစစ်
ဆေးသက်ရှည်ရေးဆိုပြီးဆွေးနွေးရခြင်း
ဖြစ်ပါတယ်။
အခြားတွေ့ကြုံရများတဲ့ ကင်
ဆာအမျိုးအစားကတော့ သားအိမ်
ခေါင်းကင်ဆာပဲဖြစ်ပါတယ်။ သား
အိမ်ခေါင်းဟာလည်း လက်နဲ့အလွယ်
တကူစမ်းသပ်နိုင်ပြီး မျက်စိနဲ့တိုက်
ရိုက်ကြည့်ရှုစစ်ဆေးနိုင်တဲ့ခန္ဓာအစိတ်
အပိုင်းဖြစ်ပါတယ်။Colposcopy
ခေါ်တဲ့ မှန်ဘီလူးဖြင့် စစ်ဆေးပါက
သားအိမ်ဝမှာ ဖြစ်ပေါ်ပြောင်းလွဲနေမှု
တွေကို အသေးစိတ်ကြည့်ရှုနိုင်ပြီး
ကင်ဆာဖြစ်တတ်တဲ့ အမှေးပါးကပဋိ
ဇီဝဆဲလ်တွေကို ခြစ်ထုတ်စစ်ဆေးပြီး
ဘာရောဂါဖြစ်နေသလဲ၊ ကင်ဆာဖြစ်
နိုင်ခြေရှိသလား၊ ကင်ဆာဖြစ်နေပါ
ကလည်း ဘယ်အဆင့်အထိဖြစ်နေပြီ
လဲဆိုတာတွေကိုသိရှိပြီး လိုအပ်သလို
ကုသပျောက်ကင်းစေနိုင်ပါတယ်။
ဒီကင်ဆာရောဂါကတော့ သားသမီး
များပြီး အသက်ရသူတွေမှာအဖြစ်
များပြီး သွေးဆုံးပြီးမှသွေးပြန်ပေါ်တဲ့
လက္ခဏာပြတတ်သလို တချို့မှာတော့
ကာမဆက်ဆံတဲ့အခါမှာ နာကျင်မှု၊
သွေးဆင်းမှုတွေဖြစ်လေ့ရှိပါတယ်။
ဒီလက္ခဏာတွေမပေါ်မီ ကြိုတင်စစ်
ဆေးကုသပေးရင်တော့ ရောဂါကို
ကာကွယ်နိုင်သလို ကင်ဆာဖြစ်ခဲ့ရင်
လည်း စောစီးစွာ ကုသနိုင်လို့ရောဂါ
ပျောက်ကင်းပြီး သက်တမ်းစေ့နေနိုင်
မှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာမှာ
တိကျတဲ့ကာ ကွယ်ဆေးမရှိပေမဲ့
ဒီသားအိမ်ခေါင်းကင်ဆာ(၇၀-၈၀%)
ခန့်မှာ
HPV Human Papilloma
Virus
ပိုးဝင်ပြီး နှစ်အတော်ကြာမှ
ဖြစ်တတ်လို့ ဒီပိုးကိုကာကွယ်တဲ့ ဆေး
ထိုးပေးပါက ထိုက်သင့်သလောက်
ဒီရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးက ဈေးကြီးပြီး
အနည်းဆုံး(၃)ကြိမ်လောက်ထိုးမှ
အကျိုးရှိမှာမို့ ဒီဆေးကို ဘယ်လိုလူ
တွေမှာထိုးသင့်တယ်။ ထိုးတဲ့အခါမှာ
ဘာတွေသတိထားသင့်တယ် ဆိုတာ
ကိုတော့ သိထားဖို့ လိုပါတယ်။ အတို
ချုပ်ယေဘုယျတင်ပြရရင်တော့
ဒီဆေးကို အသက်ငယ်စဉ် Sex life
မစမှီ(၁၂)နှစ်က(၂၀)နှစ်အတွင်း
လူငယ်တွေ၊ အပျိုကြီးတွေ၊ အိမ်
ထောင်ရေးသစ္စာရှင်တွေမှာသုံးသင့်ပါ
တယ်။ အသက်အရွယ်ရလာပြီး
ကလေးများသူတွေ၊ Sex Partner
အပေါင်းအသင်းများသူတွေအတွက်
တော့ ဒီဆေးက အကျိုးပြုပေးမယ့်
ပဋိဇီဝကမ္မဓာတ်တုံ့ပြန်မှု Antibodies တွေရှိနေပြီးသားမို့ သိပ်အကျိုး
မထူးလှပါဘူး။ အခြားသိထားဖို့က
H.P.V ဗိုင်းရပ်စ် အမျိုးအစားပေါင်း
Genotype ဗီဇ(၁၀ဝ)ကျော်ရှိပြီး
Genotype (၃၀)လောက်ကသာ
ကင်ဆာဖြစ်စေပါတယ်။ ဒီ(၃၀)အမျိုး
အစားမှာလည်း မိမိတို့နိုင်ငံ မိမိတို့
ဌာနေမှာ ဘယ်အမျိုးအစားတွေက
ကင်ဆာဖြစ်စေတယ်ဆိုတာသိထားပြီး၊
အဲဒီ Genotype အမျိုးအစားကို
သာတားဆီး ကာကွယ်ပေးတဲ့ Genotype
ပါတဲ့ကာကွယ်ဆေး အမျိုး
အစားတွေကသာတကယ်ထိရောက်စွာ
တာဆီးကာကွယ်ပေးနိုင်မှာ ဖြစ်ပါ
တယ်။ ဒါကြောင့် ဒီကာကွယ်ဆေး
ထိုးတော့မယ်ဆိုရင် မိမိတို့ အရပ်မှာ
ဘယ်ပိုးတွေကြောင့် သားအိမ်ခေါင်း
ကင်ဆာဖြစ်တာလဲ။ ယခု မိမိမှာ အဲဒီ
ပိုးရှိနေပြီလား မရှိသေးဘူးလား(တချို့
ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေး
နိုင်ပါသည်။) မိမိကိုထိုးပေးမည့်ကာ
ကွယ်ဆေးရဲ့ဗီဇ Genotype နဲ့ မိမိ
နေရပ်မှာကင်ဆာဖြစ်လေ့ရှိတဲ့ ဗိုင်းရပ်
Genotype လျော်ညီရဲ့ လားဆိုတာ
တွေကိုသက်ဆိုင်ရာ သမားတွေထဲမှာ
မေးမြန်းစုံစမ်းပြီးမှသာ ဆောင်ရွက်
သင့်ပါတယ်။ မိမိမှာရှိနေတဲ့Jh Virus ရဲ့
Genotype နဲ့ ကာကွယ်ဆေး Genotype
ရှိနေပါကလည်းတုံ့ပြန်တဲ့ Antibodies
တွေရှိပြီးသားမို့ငွေကုန်ပြီး
ဆေးရဲ့အန္တရာယ်သာပိုများတတ်ပါတယ်။
အကယ်၍ကျန်းမာရေးဆေးစစ်ရာ
မှာ သားအိမ်ခေါင်းရဲ့ပဋိဇီဝဆဲလ်တွေ
ကင်ဆာဖြစ်ရန်အစပျိုးတဲ့ CIN Cervical
intraepithelial neoplasia နဲ့
CISCarcinoma insitu အခြေအနေ
တွေတွေ့ရှိပါက လိုအပ်တဲ့ကုသမှုဖြင့်
ရောဂါကိုကာကွယ်ခြင်းပျောက်ကင်းစေ
နိုင်မှုတွေကိုအကျိုးပြုနိုင်မှာဖြစ်ပါတယ်။
ဒီအပြင် ခန္ဓာကိုယ်ကနေ ကင်
ဆာ ရောဂါအမျိုးအစားတွေအပေါ်
လိုက်ပြီး Tumor Marker ခေါ်တဲ့
ပဋိဇီဝကမ္မဓာတ်တွေကို ထုတ်ပေးလို့
ဒီဓာတ်ပစ္စည်းတွေကိုကျန်းမာစစ်ဆေး
ရာမှာစမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါ
လက္ခဏာနဲ့ စပ်ဟပ်ညှိနှိုင်းပြီး ဒီဓာတ်
ပစ္စည်းတွေများနေပါက ဘာရောဂါ
ဖြစ်နိုင်တယ်ဆိုတာမှန်းဆပြီး ပိုမိုထိ
ရောက်တိကျတဲ့ စမ်းသပ်စစ်ဆေးမှု
ဖြင့်ရောဂါကိုစောစီးစွာတွေ့ရှိကုသပေး
နိုင်မှာဖြစ်ပါတယ်၊အသည်းကင်ဆာမှာ
alpha feto protein colon cancer, CEA (Chorioembryonic antigen,
Ovary Cancer rSm
CA125,
ရင်သားကင်ဆာမှာ
CA15/3 စတာတွေဟာ ရောဂါရှာ
ဖွေရာမှာ အသုံးဝင်လှသလိုကုသပြီး
လူနာကို ပြန်ခေါ်စစ်ဆေးရာမှာရော
ဂါပြန်ပြီး ဖြစ်နေ၊မနေကိုဖော်ထုတ်ရာ
မှာလည်း အသုံးတည့်လှပါတယ်။
ရောဂါကု သပြီးလို့ ဒီဓာတ်တွေရဲ့
ပမာဏလျော့ကျနေပေမဲ့ ရောဂါပြန်
ဖြစ်တဲ့ Recurrent အခြေအနေမှာ
တော့ ဒီဓာတ်တွေရဲ့ ပမာဏဟာ
ပြန်ပြီးပိုတက် လာတတ်ပါတယ်။
ဒီခေတ်ပေါ် ကျန်းမာရေးစစ်
ဆေးမှုတွေဟာများစွာအထောက်
အကူဖြစ်သလို လူနာရဲ့ ရာဇဝင်နဲ့
ကိုယ်တွေ့စစ်ဆေးမှုဟာလည်း အထူး
အရေးကြီး၊ အရေးပါလှမှုကို နောက်
အပတ်မှာတော့ ကျန်းမာရေးစစ်ဆေး
ရာမှာ ဘာတွေကိုဘယ်လိုဆောင်
ရွက်ကြသလဲဆိုတာနဲ့ ပတ်သက်ပြီး
ဆက်လက်ဆွေးနွေးမည်ဖြစ်ပါကြောင်း
ဖြင့် နိဂုံးချုပ်အပ်ပါသည်။

ပါမောက္ခဒေါက်တာမြသိန်းဟန်

ကျန်းမာစစ်ဆေး သက်ရှည်ရေး ကျန်းမာစစ်ဆေးရာ သတိထားပါ

Health Update Journal မှ ကူးယူဖော်ပြပေးသည်။

ပြီးခဲ့တဲ့အပတ်တွေက ကျန်းမာ ရေး ဆေးစစ်မှုဟာ ရောဂါတွေကို ဘယ်လိုကြိုတင်သိရှိနိုင်ဖို့ စနစ်တကျ ပြီးပြည်စုံအောင် ရောဂါမဖြစ်ခင်၊ ဖြစ်စအခြေအနေတွေမှာကုသပေးနိုင် ပါက ကင်ဆာရောဂါရောဂါများပင် ပျောက်ကင်းပြီး အသက်ရှည်ကျန်း မာနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့် ဆိုတဲ့ စကားနဲ့အညီ မိမိကျန်းမာရေး ကို ဥာဏ်ကူပြီး စောင့်ရှောက်ပေးခြင်း ဖြင့် ကျန်းမာစွာ အသက်ရှည်နေထိုင် နိုင်ကြမှာဖြစ်ပါတယ်။ ဒီမှာလည်း ကျန်းမာရေးဆေးစစ်တယ်ဆိုတာ ဘာပါလဲ။ ဘယ်လိုစစ်ဆေးတာပါလဲ။ ဘာတွေကိုစစ်ဆေးတာလည်းဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။
ယေဘုယျအားဖြင့်တော့ ကျန်း မာရေး ဆေးစစ်တယ်ဆိုတာ မိမိရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေဟာ အထွေထွေအားဖြင့် ဘယ်လိုရှိနေ သလဲ။ မိမိရဲ့ခံစားနေရမှုနဲ့ ပတ်သက် ပြီး ဘာရောဂါတွေဖြစ်နေပြီလဲ၊ ဘာ ရောဂါတွေကော ဖြစ်လာနိုင်သလဲ ဆိုပြီး ရောဂါလက္ခဏာတွေ ထင်ရှား ပေါ်မလာခင် စစ်ဆေးစမ်းသပ်မှုတွေ ပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ပေါ်လာလို့ ဆေးရုံဆေးခန်းတွေမှာ သမားတော်တွေနဲ့ တိုင်ပင်ဆွေးနွေး၊ စမ်းသပ်စစ်ဆေးခံယူတာကတော့ ရောဂါလက္ခဏာအရ ဘာရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ ပိုမိုတိကျခိုင်မာ စေဖို့နဲ့ ရောဂါရဲ့လက်ရှိ အခြေအနေ အဆင့်တွေကို သိသာဖို့ အခြား နောက်ဆက်တွဲ ဘာရောဂါတွေပါ ပူးတွဲဖြစ်နေသလဲဆိုတာ စစ်ဆေးစမ်း သပ်ပြီး ကုသမှုခံယူနေတဲ့လူနာတစ်ဦး ကိုဆေးရုံမှာ စစ်ဆေးစမ်းသပ်တာဖြစ် ပါတယ်။
ကျန်းမာရေးဆေးစစ်တာက တော့ ရောဂါရယ်လို့ သီးသန့်မခံစားရ သေးပေမဲ့ ဘာရောဂါတွေများဖြစ်နိုင် ခြေပိုများနေသလဲ။ ရောဂါကောစဖြစ် နေပြီလားဆိုတဲ့ ရောဂါဝေဒနာ မခံစားရမှီ Protective သဘော စမ်း သပ်စစ်ဆေးတာဖြစ်ပါတယ်။ ဒီမှာ လည်း သမားတော်နဲ့ ဦးစွာတိုင်ပင်ပြီး အိမ်ရဲ့ နေထိုင်ရာအရပ်၊ မိသားစုရာဇ ဝင်၊ မိမိ၏အသက်နဲ့လိင်၊ယခင်ခံစားခဲ့ ရဖူးတဲ့ရောဂါ၊ မိမိရဲ့နေထိုင်စား သောက်မှု စရိုက်တွေကို ဆွေးနွေးပြီး သမားတော်၏ ကိုယ်တွေ့မျက်မြင် စစ်ဆေးစမ်းသပ်မှုတွေအပေါ် မူတည် ပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ် ဆောင်မှုရှိသလို တချို့ဆေးရုံဆေးခန်း တွေမှာတော့ အသက်အရွယ်အလိုက် ကုန်ကျမှုစားရိတ်ခံနိုင်မှုတွေ အပေါ် မူတည်ပြီး သာမန်အထွေထွေဆေးစစ် ဆေးခြင်း၊ အသက်(၄၀)အောက်(၄၀) အထက်ကျားမခွဲခြားပြီး မိမိတို့စိုးရိမ် တဲ့၊ သိလိုတဲ့ရောဂါများရှိနေ၊ ဖြစ်နေမှု ကိုသိလိုလို့ စမ်းသပ်စစ်ဆေးခြင်းနှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ သားဖွားမီးယပ်၊ဆီးလမ်းကြောင်းဆိုင် ရာရောဂါတွေနဲ့ ပတ်သက်တဲ့ပဋိဇီဝ ဓာတု ဓာတ်တွေရဲ့အခြေအနေ၊ ကင်ဆာရောဂါတွေမှာ သွေးအတွင်း ပိုမိုရှိလာကြတဲ့ Tumour marker တွေရဲ့၊ပမာဏတွေကိုစမ်းသပ်စစ်ဆေး ခြင်းစသည်ဖြင့် Package အလိုက် တန်ဖိုးနဲ့စစ်ဆေးမှုတွေကို ဖော်ပြပြီး စစ်ဆေးပေးတာတွေလည်း ရှိကြပါ တယ်။ Package အလိုက်စစ်ဆေး တာကတော့သမားတော်နဲ့တွေ့ဆုံဆွေး နွေးဖို့အချိန်မပေးနိုင်သူတွေမှာအသက် အရွယ်၊ လိင်အရ တကယ်လိုမလို စဉ်း စားတာ မဟုတ်ဘဲ၊ မိမိကိုယ် မိမိကျန်း မာနေတယ်၊ဘာမှထူးထူးထွေထွေမဖြစ် ဘူးလို့ ယူဆသူတွေအတွက် အချိန် ကုန်လူပန်းသက်သာတဲ့ နည်းလမ်းဖြစ် ပါတယ်။ အားလုံးစစ် ဆေးပြီးမှ သက် ဆိုင်ရာဆေးမှူး၊ သမားတော်ကစစ် ဆေးမှု Result တွေကို ရှင်းပြဆွေး နွေးပြီးဘာတွေ ရှောင်လို့ ဘယ်လိုနေ ထိုင်စား သောက်မှုစရိုက်တွေပြောင်း သင့်တယ်။ ဘယ်လိုဆေးဝါးတွေမှီဝဲ သင့်တယ်၊ ဘယ်လိုပါရဂူတွေနဲ့ထပ် ဆင့် ပြသစစ်ဆေးဖို့လိုတယ်ဆိုပြီး အကြံပြုကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူတွေကိုအသက်အရွယ်၊ လိင်နဲ့ ဝန် ဆောင်မှုပေးနိုင်တဲ့အပေါ်မူတည်ဆောင် ရွက်တာမို့ မိမိအတွက် မလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလဲ ပါနိုင်လို့ အကျိုးအပြည့်အဝတော့ ရချင်မှရမှာ ဖြစ်ပါတယ်။
အချိန်ပေးနိုင်တယ်၊ အကုန် အကျလည်း ခံနိုင်တယ်ဆိုရင်တော့ ဦးစွာသမားတော်နဲ့တိုင်ပင်ပြီး မိမိမှာ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ရောဂါတွေ အတွက် ဦးစားပေးပြီး ကျန်းမာရေး ဆေးစစ်မှုကတော့ ပိုပြီးအကျိုးများစေ နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါ တွေအတွက် ဦးတည်စစ်ဆေးရတော့ တခြား မလိုအပ်တဲ့စစ်ဆေးမှုတွေ မပါတော့လို့ အကုန်အကျလည်းသက် သာ စေနိုင်ပါတယ်။ တချို့လူတွေက တော့ သူ့မိသားစုတွေမှာ ဘာရောဂါ ဖြစ်တာများလို့ သူလည်းစိုးရိမ်ပြီး ဒီရောဂါ ဖြစ်နိုင်ခြေရှိမရှိ(ဥပမာ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ နှလုံးရောဂါစသည်)ကိုသာ သိလိုပြီး စစ်ဆေးချင်တဲ့သူတွေအတွက်လည်း Customers' choice ကို ဦးစားပေး ဆောင်ရွက်ပေးကြရပါတယ်။ Package အလိုက်စစ်ဆေးမှုကတော့ Ready made ကိုဝယ်ယူသလိုဖြစ်ပြီး သမားတော်နဲ့ပြသပြီး စစ်ဆေးခံယူမှု ကတော့ hTailored made မှာယူသလို ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်(၅၀) ကျော်လာသူတွေက တော့ နှစ်စဉ် သို့မဟုတ် တစ်နှစ်ခြား တစ်ကြိမ်တော့ ကျန်းမာရေးဆေးစစ် ဆေးခြင်းဖြင့် အသက်ကိုÓဏ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းသင့်လှပါတယ်။ အနည်းဆုံးတော့ အခြေခံအကျဆုံး အထွေထွေကျန်းမာရေး ဆေးစစ်မှုဖြင့် မိမိမှာသွေးတိုးဆီးချို၊ နှလုံးရောဂါ စဖြစ်နေတဲ့ လက္ခဏာအဆုတ်တီဘီ ရောဂါ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာစတာတွေကို စောစီးစွာ သိရှိ ကုသနိုင်ဖို့ လိုအပ်လှပါတယ်။ သမား တော်တွေကတော့မိမိခံစားရမှုဝေဒနာ တွေနဲ့ ရောဂါရာဇဝင်တွေကို မေးမြန်း ပြီး မျက်မြင်ကိုယ်တွေ့ စစ်ဆေးကာ လိုအပ်မယ်ယူဆတဲ့စမ်းသပ်စစ်ဆေးမှု တွေကိုလူနာရဲ့ဆန္ဒနဲ့ကိုက်ညှိပြီးဆောင် ရွက်ချက်ပေးကြမှာ ဖြစ်ပါတယ်။
အထွေထွေကျန်းမာရေး ဆေး စစ်ရာမှာတော့ လူနာရဲ့ စိတ်ကျန်းမာ ရေးအခြေအနေကို အကဲခတ်ပြီး အာ ဟာရပြည့်ဝမှုသွေးအား (haemoglobin) နဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥတွေရဲ့ပမာဏ၊ပုံပန်းသဏ္ဌာန် အရေအတွက်တွေအပြင် ESR (Erythrocyte Sedimentation Rate တွေ သိရှိဖို့ Blood for complete Picture ကိုလူနာရဲ့ သွေးပေါင် ချိန်၊ နှလုံးခုန်နှုန်းတွေကို စစ်ဆေးပြီး ဆောင်ရွက်ပေးကြပါတယ်။ တကယ် တော့ ဦးခေါင်း၊မျက်လုံး၊နား၊နှာခေါင်း၊ အာခေါင်တွေပါမကျန် စစ်ဆေးကြပြီး လည်ပင်းမှာတော့ အကြိတ်အဖုတွေရှိ မရှိ။ သွေးပြန်ကြောမကြီးတွေထောင် နေမနေ၊ အဆုတ်အတွင်းလေဝင်မှု ညီ မညီ၊ ရင်သားတွေနဲ့ ဂျိုင်းတွေမှာ အကြိတ်ရှိမရှိစတာတွေကို စစ်ဆေးတဲ့ အပြင် ဝမ်းဗိုက်ဖောင်းကားမှုအခြေ အနေ၊ အသည်း၊ ဘေလုံးတွေကြီးနေ မနေ၊ အခြားအလုံးအဖုတွေရှိ မရှိ၊ အရည်တွေစုနေ မနေ စတာတွေကို အကြမ်းဖျင်းစစ်ဆေးမှတ်တမ်းတင် ထားရပါတယ်။ ယခုခေတ်မှာတော့ သွေးချိုလွန်ကဲတဲ့ ဆီးချိုရောဂါတွေ ကလည်း အဖြစ်များတော့ သွေးရဲ့ အချိုဓာတ် Blood Sugar level ကို လည်းစစ်ဆေးကြရပါတယ်။ ဆီးနဲ့ဝမ်း တွေမှာလည်း ဓာတ်ပြောင်းလဲမှုရှိနေ မနေ သိဖို့ အနည်းဆုံးတော့ Routine Exam လုပ်ကြပြီး လိုအပ်ပါက ဆီးမှပိုးမွေးမြူတဲ့ Urine for culture and Sensitivity Test လုပ်ကြ ရပါတယ်။
နှလုံးနဲ့ အဆုတ်တွေရဲ့ အခြေ အနေကို အကြမ်းဖျင်းသိရှိနိုင်ဖို့ ရင် ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ ECG ရိုက်စစ်ဆေးခြင်းတွေကိုလည်း အခြေခံစစ်ဆေးမှုတွေမှာလုပ်ပေးလေ့ ရှိကြပါတယ်။ အလုပ်အကိုင်လုပ်ငန်း ခွင်ဝင်မည့်သူတွေမှာတော့ ကူးစက် ရောဂါဖြစ်စေတဲ့အသားဝါအသည်းရောင် ရောဂါဘီပိုးနဲ့စီပိုးနဲ့ခုခံအားကျဆင်းတဲ့ ကူးစက်ရောဂါပိုး HIV ပိုးတွေရှိ မရှိကို လည်းစစ်ဆေးပေးကြရပါတယ်။ ဒါ တွေကိုတော့ ဓာတ်ခွဲခန်းတွေမှာ အလွယ်တကူ စစ်ဆေးနိုင်ကြပါတယ်။ စစ်ဆေးတဲ့စက်တွေ ကောင်းမွန်ဖို့ သုံးတဲ့ Reagent တွေလတ်ဆတ်ဖို့ ကျွမ်းကျင် စေတနာထားတဲ့ ဝန်ထမ်း တွေရှိဖို့ကတော့ အထူးလိုအပ်ပါ တယ်။ ဒါမှတိကျမှန်ကန်တဲ့ Result တွေရရှိပြီး သမားတော်တွေကလည်း သင့်လျော်တဲ့ အကြံÓဏ်ကောင်းများ ပေးနိုင် သလိုစနစ်တကျနည်းမှန်လမ်း မှန်ကုသနိုင်ကြမှာဖြစ်ပါတယ်။
ဝမ်းဗိုက်အတွင်းမှာ အသည်း ရောင်မှု၊သည်းခြေအိတ်ကျောက်တည် မှုစတဲ့ ရောဂါတွေကိုတော့ အသံလှိုင်း Ultrasound(US) ဖြင့်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ သားဖွားမီးယပ် ဆိုင်ရာသားအိမ်၊ သားဥအိမ်အလုံး အဖုတွေ၊ အရည်အိတ်တွေမှာလည်း US စစ်ဆေးမှုဟာ အသုံးဝင်လှသလို ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက် ကပ်ပွ ခြငံ်း Hydronephrosis တွေမှာ လည်း US စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါ တယ်။ တကယ်တော့ လူရဲ့အခြေ အနေလို အပ်ချက်တွေအရ Computerized Tomography (CT)
MRI, PET Scan စတာတွေအပြင် ပုံရိပ်ဖော်နည်းလမ်းများစွာနဲ့ Tumour Marker စတဲ့ ကင်ဆာရောဂါ တွေမှာ သွေးအတွင်းပိုမိုတွေ့ရှိရတဲ့ ပဋိဇီဝဓာတ်တွေကိုရှာဖွေမှု၊ရောဂါအရ ဗိုင်းရပ်စ်ပိုး တွေရဲ့ DNA, RNA စတဲ့ ဗီဇဆိုင်ရာ စစ်ဆေးမှု၊ ဟော်မုန်းဓာတ် မျိုးစုံရဲ့ ပမာဏကို သွေးအတွင်း၊ ဆီး အတွင်း စစ်ဆေးမှုစတဲ့ စစ်ဆေးမှု ပေါင်းရာ နဲ့ချီရှိပါတယ်။ ဒါပေမဲ့ ဘယ် လိုစစ်ဆေးမှုဟာ လူနာအတွက်ပြုစု ကုသရာမှာ အသက်ရှင်သန်နိုင်မှုကို ခန့်မှန်းရာမှာ အသုံးဝင်မှုရှိ မရှိကို သမားတော်တွေက သုံးသပ်ပြီး လူနာ နဲ့ဆွေးနွေးတိုင်ပင်ကာ တကယ်အသုံး ဝင်မည့် စစ်ဆေးစမ်းသပ်မှုတွေကိုပဲ ဆောင်ရွက်ဖို့လိုအပ်လှပါတယ်။ ဒီလို ကျန်းမာရေး ဆေးစစ်ဆေးမှုဖြင့် စာရှု သူမိတ်ဆွေများ မိမိတို့၏ ကျန်းမာ ရေးကို စောင့်ရှောက်နိုင်ကြကာ ကျန်း မာပြီးသက်ရှည်နိုင်ကြပါစေလို့ ဆုတောင်း၊မေတ္တာပို့သအပ်ပါသည်။
ပါမောက္ခဒေါက်တာမြသိန်းဟန်