Monday, May 21, 2012

မိုဒမ်ဆိုတာ ဘာလဲ?

မိုဒမ် (Modem) လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်သူ တော်တော်များများလည်း တွေ့ဖူးမြင်ဖူးကြမှာပါ။ သို့ပေမယ့် ဒီခေတ်ထက် အရင်ခေတ်တွေက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာက မြန်နှုန်းမြင့် အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးမပြုပဲ၊ အလွန်နှေးကွေးတဲ့ တယ်လီဖုန်းလိုင်း ကတစ်ဆင့် အင်တာနက်သုံးရတဲ့ (Dail-up Connection) ခေတ်တုန်းကလိုပေါ့ .. ဥပမာအနေနဲ့ ပြောရရင်ပေါ့။

ဒီလိုဆိုတော့ တယ်လီဖုန်းလိုင်း မှတစ်ဆင့် အင်တာနက်သုံးရင် (Dail-up) လို့ခေါ်ဆိုပါတယ်။ အဲဒီ တယ်လီဖုန်းနဲ့ အင်တာနက် ချိတ်ဆက်မှု လုပ်ချင်တယ်ဆိုရင် အပေါ်မှာ ပြောသလိုပဲ (Modem) မိုဒမ်လိုပါမယ်။ မိုဒမ် မရှိရင် တယ်လီဖုန်းမှ တစ်ဆင့် အင်တာနက်ချိတ်ဆက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။


အဲဒီလိုဆိုတော့ မေးစရာ မေးခွန်းအချို့ပေါ်လာမယ် ဖြစ်ပါတယ်။ ဘာလဲဆိုတော့ .. မိုဒမ်က ဘာဖြစ်လို့ တယ်လီဖုန်းနဲ့ အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ မရှိမဖြစ် သုံးရတာလဲ? … ။ မေးသင့်ပါတယ်။ မှန်ပါတယ် .. သူက မရှိမဖြစ်လိုအပ်ပါတယ်။ ကြည့်ရမယ်ဆိုရင် တယ်လီဖုန်းဆိုတာက (Analog Signal) အန်နလော့လိုင်းကြောင်းနဲ့ (data) အချက်အလက်တွေကို (Destination)လို့ခေါ်တဲ့ ဦးတည်ချက်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ (Analog) အကြောင်းကို နောက်အခန်း တစ်ခုမှာ ဖော်ပြထားပါတယ် . .. ဖတ်ရှုရန်အတွက် .. (ဒီမှာနှိပ်ပါ)။


ဇာတ်လမ်းက အခုမှ စပါတယ် .. :P ။ ကျနော်တို့ သုံးနေတဲ့ ကွန်ပျူတာဆိုတာက (0 or 1) ပဲ နားလည်ပါတယ်။ “သုည”နဲ့ “တစ်”ပေါ့ဗျာ။ (0 or 1) လို့ပြောလိုက်ရင် အဲဒါ(Digital) ဖြစ်ပါတယ်။ Digital ဆိုတာက ဂဏန်း(၂)လုံးပဲ နားလည်တဲ့ စနစ်ဖြစ်ပါတယ်။ (သုည) သို့မဟုတ် (တစ်) ဒါအကုန်ပဲ :D ။ ဆန်းတယ်နော် .. (သုည)က ဘာကို ရည်ရွယ်လဲဆိုတော့ (မရှိဘူး/ပိတ်ထားတယ် = Off)လို့ ဆိုပါတယ်။ အဲဒီမှာ (1) ဆိုတာက (ရှိတယ်/ဖွင့်ထားတယ် = On) လို့ အဓိပ္ပါယ် ထွက်ပါတယ်တဲ့။ အဲဒီလိုပဲ 01010011 တွေနဲ့ပဲ အလုပ်လုပ်တဲ့ စနစ်ကို (Digital) စနစ်လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။ Digital ရဲ့ Signal လိုင်းကြောင်းဟာ Analog နဲ့ ကွားခြားမှုကြောင့် သူတို့(၂)ယောက် ချိတ်ဆက်မှု ပြုလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့နှစ်ယောက်က လူမျိုးခြား နှစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်စကား တစ်ယောက် နားမလည်ကြပါဘူး။


ကဲ .. သူတို့နှစ်ဦးကြားပြေလည် ဆက်သွယ်နိုင်ရန်အတွက် “စကားပြန်” လိုလာပါတယ်။ အဲဒီစကားပြန်က အခြားသူမဟုတ်ပါဘူး အခုဏအပေါ်မှာ ပြောခဲ့တဲ့ (Modem) ကြီးသာ ဖြစ်ပါတယ်ခင်ဗျ။ သူက (modulator-demodulator) ဆိုတဲ့ မူရင်းအဓိပ္ပါယ်က ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

Analog —–> (Modem) <—– Digital

အကျဉ်းချုပ်အရ ပြောရမယ်ဆိုရင် .. ကွန်ပျူတာဆိုတာ (Digital) ကိုပဲ နားလည်တဲ့ (Digital Device) ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းက (Digital) ကို နားမလည်ပါဘူး။ Analog ကိုသာ နားလည်ပါတယ်။ ထိုကဲ့သို့ တစ်ဦးကိုတစ်ဦး နားမလည်သော ပစ္စည်းနှစ်ခု တွဲပြီးအသုံးပြုလိုပါက ကြားခံပစ္စည်း (Translator) ဘာသာပြန် ပစ္စည်းလိုအပ်ပါတယ်။ အဲဒါ ကျနော်ပြောချင်တဲ့ Modem အကြောင်းပဲ ဖြစ်ပါတော့တယ်ခင်ဗျား … ။ မောသွားတာပဲ .. ဟီး :P …. ။ မရှည်ရှည်အောင် ရေးတယ် မထင်ပါနဲ့ ခင်ဗျာ။ အတတ်နိုင်ဆုံး ရိုးရှင်းအောင် ကိုယ်နားလည်သလိုလေး ရေးလိုက်မိလို့ပါ။

မိုဒမ်အမျိုးအစားများ

မိုဒမ် (Modem) အမျိုးအစား (၂)မျိုးရှိပါတယ်။

(1) Internal Modem (စက်ထဲမှာ ကဒ်ဆိုက်ထည့်ရတာပါ)
(2) External Modem (ပုံမှာ ပြထားတဲ့အတိုင်းပါပဲ)

(1) Internal Modem စက်အတွင်းပိုင်းမှာ စိုက်ပြီးသုံးရတဲ့ အမျိုးအစားဖြစ်တဲ့အတူ Desktop (or) Laptop ကွန်ပျူတာ တွေမှာ တွေ့ရမယ် ဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာ နေရာမယူတော့ဘူးပေါ့။ သူ့မှာ အပေါက် (၂)ပေါက်ပဲ ပါပါတယ်။ တယ်လီဖုန်း အ၀င်ပေါက်နဲ့ အထွက်ပေါက်။ သူ့အတွက် ကွန်ပျူတာ Motherboard မှာ ကဒ်ဆိုက်ပြီးသုံးရတဲ့အတွက် (Power) သီးသန့်ပေးဖို့ မလိုအပ်ပါဘူး။

(2) External Modem ဆိုတာက ကျနော်တို့ စားပွဲခုံပေါ်မှာ တွေ့တွေ့နေရတဲ့ စက်ပစ္စည်းလေး တစ်ခုပါ (Dail-up) အင်တာနက် စနစ် သုံးဖူးသူတိုင်း ကောင်းကောင်းရည်းနှီး ကျွမ်းဝင်ပါတယ်။ သူ့မှာလည်း ထိုနည်းတူ တယ်လီဖုန်းအ၀င်/ထွက် အတွက် အပေါက်(၂)ပေါက် ပါတယ်။ ပြီးတော့ (Data) လမ်းကြောင်း (USB) ပါကောင်းပါပါမယ်။ ပြီးတော့ Power ပေးဖို့အတွက်လည်း လိုအပ်ပါတယ်။

မသိသေးတဲ့ သူတွေအတွက်ပါ။

No comments:

Post a Comment