Monday, May 28, 2012

စတုမဟာရာဇ်

စတုမဟာရာဇ်

ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါးကို ပါဠိလို *`စတုမဟာရာဇ´*ဟုခေါ်၏။

(စတု=လေးယောက်သော+ မဟာရာဇ= နတ်မင်းကြီး)

ထို နတ်မင်းကြီးလေးပါးကို ဆည်းကပ်ခစားရသည့် လက်အောက်ခံနတ်တို့မှာ *
`စတုမဟာရာဇိက´* ဟုခေါ်သည်။ နတ်မင်းကြီးလေးပါး နှင့် စတုမဟာရာဇိကနတ်တို့၏
နေရာဘုံကို ပါဠိလို စာတုမဟာရာဇိကာ မြန်မာလို စာတုမဟာရာဇ်ဘုံ (သို့မဟုတ်)
စာတုမဟာရာဇ်နတ်ပြည်ဟု ခေါ်ဆိုသည်။

ဤဘုံ၌-

   - ဓတရဋ္ဌ နတ်မင်း
   - ဝိရူဠက နတ်မင်း
   - ဝိရူပက္ခ နတ်မင်း
   - ကုဝေရ နတ်မင်း ဟူ၍ နတ်မင်းကြီးလေးပါး အုပ်စိုးသည်။

ဓတရဋ္ဌနတ်မင်းကြီးသည် မြင့်မိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက်
ဂန္ဓဗ္ဗနတ်တို့ကို အုပ်ချုပ်သည်။

ဝိရူဠကနတ်မင်းကြီးသည် မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ
္ဘဏ်နတ်တို့ကို အုပ်ချုပ်သည်။

ဝိရူပက္ခနတ်မင်းကြီးသည် မြင့်မိုရ်တောင်၏ အနောက်ဘက်နံပါး၌ တည်လျက်
နတ်နဂါးတို့ကို အုပ်ချုပ်သည်။

ကုဝေရနတ်မင်းကြီးသည် မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက်
နတ်ဘီလူးတို့ကို အုပ်ချုပ်သည်။

စတုမဟာရာဇ်နတ်သားများနေထိုင်ရာဘုံသည် မြင့်မိုရ်တောင်၏ အလယ်ခန့်
(ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသောနေရာ) မှစ၍ အောက်တစ်လျှောက်၌ တည်ရှိသည်။

ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿ၀ဏ်နတ်မင်းကြီး၏ အခြံအရံ ဇန၀သဘ
နတ်စစ်သူကြီးဖြစ်သည်။

စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။

လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။

လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။

No comments:

Post a Comment