Sunday, May 13, 2012

ပထမသင်္ဂါယနာတင်ရခြင်း

ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူသည့်နောက် လေးလမြောက်၌ ရာဇဂြိုဟ်ပြည်အဇာတသတ်မင်းကိုအမှီပြု၍ ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ ငါးရာတို့  ပထမသင်္ဂါယနာ တင်တော်မူသည် ။

အကြောင်းထူးကား -



သဗ္ဗညုတဘုရားလောင်းပရိနိဗ္ဗာန်လားတော်မူ၍ ခုနှစ်ရက်လည်သော်အခါ တစ်ထောင်ငါးရာသောရဟန်းသံဃာနှင့်တကွ ပါဝါပြည်မှ ကုသိနာရုံသို့ အရှင်မဟာကဿပ ကြွလာလေသော် ခရီးအကြားနိဗ္ဗာန်လားတော်မူကြောင်းကို ကြား၍ သံဃာအပေါင်းငိုကြွေးကြသည်တွင်  ကြီးမှရဟန်းပြုသော သုဘဒ် ရဟန်းက “ မငိုကြွေးကြလင့်၊ အဘယ် စိုးရိမ်ဖွယ်ရှိသနည်း။ ဂေါတမ မရှိက ငါတို့  ကျင့်လိုရာကိုကျင့်၊ကြိုက်သမျှကျင့်ရတော့မည်တကား” ဆိုသောစကားကို မဟာကဿပမထေရ်ကြားတော်မူလျှင် ဤကဲ့သို့သော ၀ိဘာဂ = သဘောမတူခြင်း ဖြင့်သာသနာတော်မြတ်ကွယ်ပရာသော အကြောင်း ရှိချေသည်ဟုဓမ္မ သံဝေဂ ဖြစ်တော်မူသည်။  ပထမသင်္ဂါယနာ၌ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ အစရှိသော ရဟန်းတာကြီးငါးရာတို့ သင်္ဂါယနာတင်တော်၍ လက်ဦးရှေးမွန်သာသနာပြုတော်မူသည်။  သုဘဒ်ရဟန်းကြီးအကြောင်းကား  - အာတုမာမြို့သား ဆတ္တာသည်မျိုးနွယ်ဖြစ်ပေသည်။ ဘုရားရှင် အာတုမာမြို့သို့

ဒေသစာရီ ကြွချီတော်မူသောအခါက မိမိသားသာမဏေနှစ်ပါးကို ဆတ္တာမှုပြု၍ ရသော ဆီ၊ဆား၊ဆန်စသော လှူဖွယ် ၀တ္ထုဖြင့် ယာဂုချက်ပြီးလျှင် သံဃာနှင့်တကွ ဘုရားရှင်အား လှူသည်ကို ဘုရားရှင်မှ အလှူမခံတော်မူ။ အကြောင်းကိုမေး၍ ကဲ့ရဲ့ပြစ်တင်တော်မူသည်။    အကအကပ္ပိယအရာ၌လူသာမဏေတို့ကိုဆောက်တည်စေသော်အရာ၌ လူသာမဏေတို့ကိုဆောက်တည်စေသော် ဒုက္ကဋ် အာပတ်သင့်စေ၊ ဆတ္တာသည်ဖြစ်ဖူးသော

ရဟန်းသည် သင်တုန်းစသော ဆတ္တာသည်အဆောက်အဦကို ဆောင်ရွက်သော  ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် နှစ်ချက်ပညတ်တော်မူသည်ကို အငြိုးထား၍ သာသနာတော်မြတ်ကိုဖျက်ဆီးလိုသောကြောင့်  မဆိုကောင်းသော စကားကိုဆိုလေသည်။


ပရိနိဗ္ဗာန်လားတော်မူသည့်နောက် သုံးလမြောက်သောအခါ ၀ါခေါင်လပြည့်ကျော် ၅ ရက်နေ့ ရာဇဂြိုဟ်ပြည် စရည်းပင် ရောက်သောလှိုဏ်၌ အဇာတသတ်မင်းကို အမှီပြု၍ သံဃာတော်ငါးရာကျော်နှင့်တကွ ခုနှစ်လပတ်လုံး ပထမသင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သင်္ဂါယနာတင်ကုန်သော အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊အရှင်အာနန္ဒာ၊အရှင်အနုရုဒ္ဓါ အစရှိသော ရဟန္တာကြီးငါးရားတို့က အဆင့်ဆင့်ပွားများ၍ ဆရာဆက်တပည့်ဆက်ကား အမြောက်အများပင်ရှိလေသည်။

ဒုတိယသင်္ဂါယနာတင်ရခြင်း

အနှစ်တစ်ရာတိုင်အောင်ရောက်သည့်ကာလ ဝေသာလီပြည် ကာလာသောကမင်းကို အမှီပြု၍ ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။ အကြောင်းထူးကား -  ပထမသင်္ဂါယနာတင်ပြီးနောက် ပရိနိဗ္ဗာန်လားတော်မူသည်က နှစ်တစ်ရာတိုင်ရောက်အောင် ပထမသင်္ဂါယနာတင်တိုင်ငြိမ်ဝပ်စွာ ဆရာစဉ်ဆက် မပျက်မစီး ကျင့်ဆောင်တော်မူကုန်သည်။ထိုမှနောက် ဝေသာလီပြည် ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်ဝိနည်းတရားနှင့် မညီသော အဓမ္မ၀တ္ထု ဆယ်ပါးကို ပြသ ကျင့်ဆောင်ကုန်၍ သာသနာ၌ ဘေးရန်ကြီးစွာဖြစ်ရလေ၏။ အဓမ္မ၀တ္ထု ဆယ်ပါးဟုသည်ကား - ၁။ သားချိုဖြင့် ဆားကိုဆောင်၍ ဆားမရှိသော ဆွမ်းနှင့်စားလျှင် သန္နိဓိ မဖြစ် ဟု ယူသည်လည်းတစ်ပါး ၊ ၂။ မွန်းလွဲ၍ အရိပ်လက် ၂ သစ် ထွက်အောင် ပင်စားသောလည်း ၀ိကာလဘောဇနာ မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၃။ တစ်ရပ်တစ်ရွာသို့ သွားလို၍ ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်းသည်လည်းတစ်ပါး၊၄။ တစ်သိမ်တည်းတွင် တစ်ကျောင်းတခြားစီ သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၅။ ဆရာ ဥပဇ္ဈာယ် ကိုအလေ့အကျင့်ဖြစ်က အပ်တော့သည်သာ ဟု ယူသည်လည်းတစ်ပါး။ ၆။ မလာသေးပဲ လာမှ ဆန္ဒယူအံ့ ဟုရှေးဦးက သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၇။ နို့မဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်း အဖြစ်သို့လည်းမရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊၈။ သေရည်အဖြစ်သို့ စဉ်စစ်မရောက်သေးသော သေနုကို သောက်အပ်၏ ဟု  ယူသည်လည်းတစ်ပါး၊ ၉။ အစာမရှိသော နိသီဒိုင်ကို သုံဆောင်ကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊ ၁၀။ ရွှေ ၊ ငွေ ကိုခံကောင်း၏ ဟု ယူသည်လည်းတစ်ပါး ။ ထိုအကြောင်းကို  အရှင်မဟာယသထေရ် ကြားသိ၍ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမီ အစရှိသော ရဟန္တာကြီး ခုနှစ်ရာတို့ကို ဆော်နှိုးစည်းဝေးပြီးလျှင် သင်္ဂါယနာတင်အံ့ဟု ဝေသာလီပြည် ၀ါလိကာရုံကျောင်းသို့ကြွတော်မူလေသည်။ထိုကျောင်း၌ပင် အရှင်မဟာသယ စသောရဟန္တာကြီးခုနှစ်ရာတို့လည်း ကာလာသောကမင်းကို အမှီပြု၍  ၀ဇ္ဇီတိုင်းသား ရဟန်းများတို့ပြဆောင်သော အဓမ္မ၀တ္ထုဆယ်ပါးကို ပယ်ဖျောက်လျက် ရှစ်လပတ်လုံး ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။  ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ အရှင်မဟာယသ သည် အရှင်အာနန္ဒာနှင့်  အတူနေတပည့်ရင်းပေတည်း။

တတိယသင်္ဂါယနာတင်ခြင်း

ဘုရားပရိနိဗ္ဗာန်စံတော်မူသည်နောက်နှစ်ပေါင်း ၂၃၅ နှစ်ရောက်သောအခါ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကို အမှီပြု၍ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသော ရဟန္တာတစ်ထောင်တို့သည် တတိယသင်္ဂါယနာတင်တော်မူကြကုန်လေသည်။အကြောင်းထူးကား - နောင်သောအခါကား  ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်း လက်ထက် အရှင်နိဂြောဓသာမဏေ ကို အရင်းစွဲ၍ သာသနာတော်၌ကြည်ညိုသဖြင့် ရဟန်းသံဃာတို့အား လာဘသက္ကာရများပြားသည်တွင် တိတ္ထိခြောက်သောင်းတို့ သည်လာဘသက္ကာရကိုငဲ့သဖြင့် ရဟန်းဘောင်ဝင်၍ ဥပုသ်၊ပ၀ါရဏာ၊ကံကြီး၊ကံငယ၌ ၀င်လေသည်။ထိုသို့မစဉ်ကြယ်သောကြောင့် ရဟန်းသံဃာတို့သည် ဥပုသ်မပြုကြကုန်။ သာသနာတော်၌အညစ်အကြေး ဆူးငြောင့်ဘေးရန်များသောကြောင့် ခုနှစ်နှစ်တိုင်အောင် ဥပုသ် ပြတ်ကြလေသည်။ ထိုအကြောင်းကို သိရီဓမ္မာသောကမင်းကြားသိ၍  အဓိကရုဏ်းကို ငြိမ်းစေ ၊ ဥပုသ်ပြုစေ ခြင်းငှာ မင်းခြင်းအမတ်တစ်ယောက်ကို စေလိုက်သော် သတ်စေဟုဆိုသည့်အထင်နှင့်ဥပုသ်မပြုသော ဓမ္မ၀ါဒီရဟန်းများကိုသတ်မိလေသည်။၎င်းအကြောင်းကိုသီရိဓမ္မာသောကမင်းသိလျှင် ငါမသတ်စေပဲ အမတ်သတ်၍ သေလေသဖြင့် ငါ့အား မကောင်းမှု မှလွတ်လော၊မလွတ်လောယုံမှားရှိလေသဖြင့် ဂင်္ဂါအညာမှ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အားမေးလျှောက်လေသည်တွင် လွတ်ကြောင်းကို ဖြေတော်မူပြီး ဒီပကတိတ္ထိရဇာတ်ဖြင့် ဟောပြောတရားပြကာ တိတ္ထိတို့အယူနှင့် ဓမ္မ၀ါဒီ အယူဝါဒနှစ်မျိုးလုံးကို ခိုင်းနှိုင်းလျက် သိရီဓမ္မာသောကမင်းအားရှင်းပြသည်တွင် မင်းကြီးနားလည်၍ ခြောက်သောင်းမျှသော တိတ္ထိတို့ကို နှင်ထုတ်စေပြီးမှ ရဟန်းတော်ခြောက်သိန်းနှင့်တကွ ဥပုသ်တော်ပြုကြသည်။မြတ်ဘုရားဗျာဒိတ်တော်နှင့်အညီ ကထာဝတ္ထုကိုလည်းဆက်လက်၍ဟောကြားတော်မူလေသည်။ ထိုနောက်မှ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းအားအမှီပြု၍ အသောကရုံကျောင်းတော်၌ ရဟန္တာကြီးတစ်ထောင် စည်းဝေး၍ ကိုးလပတ်လုံး သင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သီရိဓမ္မာသောကမင်း နန်းစံသက် တစ်ဆယ့်ရှစ်နှစ် ၊ ကျွနှ်ပ်တို့မြန်မာတိုင်း သရေခေတ္တရာ ရသေ့ပြည်တွင်း၌ ရန်ပေါင်မင်း နန်းစံသက် ၂၁ နှစ်ပေတည်း။တတိယသင်္ဂါယနာတင်တော်မူပြီးနောက် နောင်အခါဘယ်အရပ်၌ သာသနာတော်မြတ်ကောင်းစွာ တည်တံ့နိုင်မည်ကို အရှင်မောဂ္ဂလိပုတ္တတဿမထေရ်  ဆင်ခြင်တော်မူလေသော် ပစ္စန္တရာဇ်တိုင်းတို့၌ ကောင်းစွာတည်နိုင်တော်မူသည်ကို မြင်တော်မူ၍ ကိုးတိုင်းကိုးဌာနသို့ရဟန်းတော် အသီးသီးအား သာသနာပြုစေတော်မူလေသည်။

ဆီးချိုသွေးချိုရောဂါရှိလျှင်သစ်သီးစားသင့်သလား (ပါမောက္ခဒေါက်တာတင့်ဆွေလတ်)

ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသင့်၊ မသင့် ဆိုသော မေးခွန်းသည်များစွာအရေးကြီးပါသည်။ ဆရာဝန်၊ ဆရာမများက လူနာများအားအကြံပေးမှားလျှင် များစွာနစ်နာ မှုများဖြစ်ပေါ်လာနိုင်ပါသည်။ မှန်ကန်သောအကြံဥာဏ်များ ပေးနိုင်ပါကလည်းလူနာများအတွက်များစွာအကျိုး ဖြစ်ထွန်းနိုင်ပါသည်။ ဆရာဝန်၊ ဆရာမများကိုယ်တိုင်က ကျန်းမာရေး  ပြဿနာများကို ရှင်းရှင်းလင်းလင်းသိနားလည်ထားကြဖို့ လွန်စွာအရေးကြီးလှပါသည်။ အမ်ဘီဘီအက်စ်ဘွဲ့အတွက်ဖြစ်စေ၊ ဆေးပညာမှသိပ္ပံဘွဲလွန်အတွက်  ဖြစ်စေ သင်ယူမှတ်သားထားသောအသိပညာများသည် သာမာန်အားဖြင့် ၅ နှစ်သာခံသည် ဟုယေဘုယျ ယူဆကြပါသည်။ထို့အပြင် အစဉ်ပြောင်းလဲတိုးတက်နေသော ဆေးလောကကြီးထဲတွင် လှုပ်ရှား ရှင်သန်ဖို့ရာမှာ အသစ်ဖြစ်ပေါ်တွေ့ရှိချက်များကို အမြဲလေ့လာဖတ်ရှုနေကြရန်လိုအပ်ပါသည်။ အခြားနိုင်ငံများတွင် စဉ်ဆက်မပြတ်ပညာသင်ကြားရေးကို အထူးအားပေးကြပြီး၊  ဆရာဝန် မှတ်ပုံတင်ခြင်း သက်တမ်းကို ၅ နှစ်တစ်ခါသက်တမ်းပြန်တိုးကြရာ၌ စဉ်ဆက်မပြတ်ပညာရေးပြုလုပ်ထားပါသည်ဆိုသော သက်သေအထောက်အထားများ တင်ပြ၍ ဆရာဝန်မှတ်ပုံတင်သက်တမ်းပြန်တိုးကြရပါသည်။ အရေးကြီး သည်မှာ ဆရာဝန်ကြီးငယ်မဟူ၊ စဉ်ဆက်မပြတ်ဆေးပညာဆည်းပူးနေကြမှသာလျှင် အမြဲခေတ်မီနေ ပြီးခေတ်နှင့်ရင်ဘောင်တန်းလိုက်နိုင်မည်ဖြစ်ပါသည်။ သစ်သီးများနှင့်ပတ်သက်၍ ကျန်းမာသော လူကောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်နေထိုင်ရေးတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးရန်အရေးကြီးသည်။ဟင်းသီးဟင်းရွက်အစိမ်းတစ်နေ့လျှင်၃ခါပြင်(3Servings) စားရမည်ဆိုပါသည်။တစ်ခါပြင်(One Serving) ဆိုသည်မှာ တရုတ်ထမင်းစားပန်ကန်းလုံးတစ်လုံးစာ ဟင်းရွက်အစိမ်းများကို ဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်အစိမ်းစားလျှင်တစ်နေ့လျှင် ပန်းကန်လုံးသုံးလုံး စားရမည်ဆိုပါသည်။ ချက်ပြုတ်ထားသော ဟင်းသီး ဟင်းရွက်ဆိုလျှင် ပန်းကန်လုံးဝက်ကို One Serving တစ်ခါပြင်ဟုဆိုလိုရာ၊တစ်နေ့လျှင် ပန်းကန်းလုံးတစ်လုံးခွဲ စားရမည်ဟု ဆိုပါသည်။ ပိုမို လွယ်ကူ အောင်ပြောရလျှင် မုန့်ဟင်းခါးစားရာ၌ အသုံးပြုသော ဇီးဘရားဇွန်းသုံးဇွန်းလျှင် တစ်ခါပြင်ရှိသဖြင့် တစ်နေ့လျှင်ချက်ပြုတ်ပြီးဟင်းသီးဟင်းရွက် ၉ ဇွန်းစာ အနည်းဆုံးစားသုံးသင့်သည်ဟု ဆိုလိုပါသည်။ ဟင်းသီးဟင်း  ရွက်ဆိုသည်မှာ ဘူးသီး၊ ခရမ်းသီး၊ ရုံပတီသီး၊ ဒန့်ဒလွန်သီး၊ ဂေါ်ရခါးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်၊ ကင်ပွန်းချဉ်ရွက်စသည့် ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ အင်္ဂလိပ်လို Vegetables ဟုခေါ်သော ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ သစ်သီး (Fruits) ဟုဆိုရာ၌ငှက်ပျောသီးအမျိုးမျိုး (ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးငှက်ပျောသီးစသည်များ)ပန်းသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးစသည်တို့ကိုဆိုလိုပါသည်။သစ်သီးများကို ဆီးချိုသွေးချို မရှိသောလူများအနေဖြင့် တစ်နေ့လျှင် နှစ်ခါပြင် (Two Serving)စားသုံးသင့်သည့်ဟု ဆိုပါသည်။ တစ်ခါပြင်(OneServing) မှာ တရုတ်ထမင်းစားပန်းကန် လုံးတစ်ဝက်စာကို ဆိုလိုပါသည်။ လှီးစိတ်ထားသောသစ်သီးဝလံ၊နှစ်ခါပြင် (Two Serving)ဆိုသည်မှာပန်းကန်လုံး တစ်လုံးစာကို ဆိုလိုပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ စားသုံးရမည်ဆိုသည်မှာ ゞင်းအစားအစာများ စားသုံးခြင်းကြောင့် (၁) ဗီတာမင်ဓါတ်များ ရနိုင်ပါသည်။ (၂) ပိုတက်စီယမ်ဓါတ် ရနိုင်ပါသည်။ ပိုတက်စီယမ်သည် ဆိုဒီယမ် (ခေါ်) အငန်ဓါတ်နှင့်ဆန့်ကျင်ဖက်အာနိသင်သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါ သည်။ (၃) အမျှင်ဓါတ်(Fibre) များရနိုင်ပါ သည်။ ထို့ကြောင့်နေ့စဉ်ဝမ်းကို ပုံမှန် သွားစေနိုင်ပါသည်။ အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။ စားသုံးလိုက်သော ကစီဓါတ်မှ ဂလူးကို့စ် အချိုဓါတ်ကို စားပြီးပြီးချင်းသွေးထဲ ချက်ချင်းမရောက်အောင် ကာကွယ်ထားနိုင် သဖြင့် သွေးချိုဓါတ်ရုတ်တရက်ထိုး၍တက်ခြင်းကိုကာကွယ်ပေးနိုင်ပါ သည်။ (၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)များရနိုင်၍သွေးကြောများမာလာခြင်း (Artherosclerosis)နှင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်သည်ဟုဆိုပါသည်။ အထက်ပါ ကောင်းကျိုး အာနိသင်များရရှိစေရန်၊ ကျန်းမာသော လူများကိုဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစားသုံးရန် အကြံပြုကြခြင်းဖြစ်ပါသည်။ သို့ရာတွင် သစ်သီးဝလံများနှင့်ပတ်သက်၍ ဆီးချိုသွေးချိုရောဂါရှိလျှင် သီးသန့်စားသင့်ပါသည်။ အကြံ ဥာဏ်ပေးသင့်ပါသည်။ ဟင်းသီးဟင်းရွက်များကိုတော့ လူကောင်းများ ဆီးချိုသွေးချိုရောဂါမရှိသူများအတိုင်းများများစားသုံးစေသင့်ပါသည်။ သစ်သီးဝလံများတွင် ဖရပ်တို့စ် (Fructose)ခေါ်သစ်သီးဝလံမှရသောအချိုဓါတ်၊သကြားဓါတ်များပါပါသည်။ ဖရပ်တို့စ်သည် ကမ္ဘာပေါ်တွင် အချိုအရသာအပေးဆုံး၊ အချိုဆုံးဓါတ်ဖြစ်ကာ၊ ကမ္ဘာပေါ်တွင် ဤဖရပ်တို့စ်ဓါတ်များ ကျယ်ပြန့်ပေါများစွာ အသုံးပြုလာကြခြင်းကြောင့် ကမ္ဘာနှင့်အဝှမ်းဆီးချိုသွေးချိုရောဂါကပ်အသွင်ဖြစ် ပေါ်လာသည်ဟုလည်း အဆိုရှိပါသည်။ ဖရပ်တို့စ်အချိုဓါတ်ကို ပြောင်းဖူး (Corn) မှလည်းရနိုင်ပြီး၊ Corn Syrup ခေါ်ပြောင်းဖူးမှ ရသောအချို ရည်၊ ဖရပ်တို့စ်ကို အစားအစာများထုတ်လုပ်ရာ၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပါသည်။ ဖရပ်တို့စ်၊ သစ်သီးသကြားဓါတ် သည် ဂလူးကို့စ်သကြားဓါတ်ကဲ့သို့ပင် သကြားမော်လီကျူးတစ်လုံးသာပါ သဖြင့် ဂလူးကို့စ်ဓါတ်နှင့် ဓါတုဖွဲ့စည်း ပုံဆင်ပါသည်။ ကြံမှရသောသကြား (Sucrose) သည်အချိုခေါ် ဂလူးကို့စ်မော်လီကျူးနှစ်လုံးကို ဓါတုဗေဒနည်းအားဖြင့်တွဲထားခြင်းဖြစ်ကာ ကိုယ်ခန္ဓာအတွင်းတွင် ဂလူးကို့စ်အချို ဓါတ်နှစ်ခုကွဲသွားစေပါသည်။ ဖရပ်တို့စ် သစ်သီးသကြားဓါတ်မှာမူ ခန္ဓာကိုယ်အတွင်း၌ ဂလူးကို့စ်သို့ပြောင်းလဲသွားခြင်းမရှိပဲ။ အဆီဓါတ်သို့ပြောင်းလဲသွားကာ Triglyceride ခေါ်အဆီဓါတ် အနေဖြင့် အသည်းတွင်သိုလှောင်ထားပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသုံးရ မည်ဟု ပြောသောဆရာဝန်များကဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်သည် ခန္ဓာကိုယ်အတွင်းရောက်လျှင် ဂလူးကို့စ်ခေါ် အချိုဓါတ်သို့ပြောင်းလဲသွားခြင်းမရှိသဖြင့် သွေးချိုဓါတ်ကို မတက်စေနိုင်။ ထို့ကြောင့် သစ်သီး စားသုံးခြင်းကို ဆီးချိုသွေးချိုရောဂါရှင်များ ရှောင်ကျဉ်ရန် မလိုဟု ဆိုကြပါသည်။ စာရေးသူ အနေဖြင့် သစ်သီးစားသုံးခြင်းသည် သွေးချိုဓါတ်ကို မတက်စေနိုင် ဟူသောအဆိုကိုစာတွေ့အရရော၊ လက်တွေ့အရပါလက်မခံနိုင်ပါ။ နေ့စဉ်ကြည့်ရှုနေသောဆီးချိုသွေးချိုရောဂါရှင်များ သွေးချိုဓါတ်များနေလျှင် အသေအချာစစ်ဆေးကြည့်လျှင် သစ်သီးများ တစ်ခုမဟုတ်တစ်ခုကို ဆင်ခြေမျိုးစုံ၊ အကြောင်းမျိုးစုံပြကာ စားသုံးနေကြခြင်းကြောင့် ဖြစ်သည်ကိုနေ့စဉ်ကြုံတွေ့နေရပါသည်။ သိသာလွယ်သော ဥပမာများမှာ -သရက်သီးပေါ်ချိန်၊ ဖရဲသီးပေါ်ချိန်များတွင် ထင်ရှားပါသည်။ သရက်သီးစားပြီး၊ ဖရဲသီးစားပြီး လာသူတိုင်း သွေးချိုဓါတ်တိုင်းကြည့်လျှင် သွေးချိုဓါတ်အမြဲ 200mg/dl အထက်တွင် မြင့်တက်များပြားနေကာ အချို့ဆိုလျှင် 400mg/dlသို့မဟုတ် 500mg/dlအထက်မြင့်တက်များပြားနေသူများကို အမြဲတွေ့နေရပါသည်။  ထို့ကြောင့် ဆီးချိုသွေးချိုလူနာများ သစ်သီးစားသုံးသင့်သည်ဆိုသော အကြံပြုချက်ကို ဘဝင်မကျပဲ၊လက် ခံနိုင်ခြင်းလည်းမရှိပါ။ဆီးချိုသွေးချိုရောဂါရှင်များရော၊ဆရာဝန်ဆရာမများပါ မိမိတို့၏ အတွေ့အကြုံ ကို ပြန်ပြောင်း စဉ်းစားသင့်ကြပါသည်။ အချိုပေါ့သည်၊ ဆီးချိုသွေးချိုရောဂါရှင်များစားသုံးသင့်သည်ဟု မိမိအထင်သက်သက်ဖြင့် ပြောနေကြသောဂရိတ်ဖရုသီး၊ မာလကာသီး၊ နဂါးမောက်သီးများပင်လျှင် စားပြီးလျှင် သွေးချိုဓါတ် မြင့်တက်နေသည်ကို အစဉ်အမြဲတွေ့နေရသည်ကို ရိုးသားစွာဝန်ခံကြဖို့လိုပါမည်။ စာရေးသူ၏တင်ပြချက်မှားယွင်းနေသည်ဟုယူဆသူများအချိန် မရွေးဝေဖန်နိုင်ကြပါသည်။ ဆီးချိုသွေး ချို  ရောဂါရှင်များသစ်သီးမစားသုံးသင့်ကြောင်း စာတွေ့(Theory) ကိုလည်းတင်ပြပါဦးမည်။သစ်သီးမှရသော ဖရပ်တို့စ်သကြားဓါတ်သည် ကိုယ်ခန္ဓာအတွင်းဂလူးကို့စ်အဖြစ် မပြောင်းလဲသွား၍သွေးချိုဓါတ်မ တက်စေနိုင်ဟုဆိုစေကာမူ ゞင်းဖရပ်တို့စ်သကြားဓါတ်သည် အဆုံးစွန်တွင် အဆီဓါတ် (Glycerol) အဖြစ်ပြောင်းလဲကာ Triglyceride အဆီဓါတ်အဖြစ် အသည်းတွင်းသိုလှောင်ထားကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သစ်သီးများများစားလျှင် သွေးတွင်းအဆီဓါတ်ကိုမြင့်တက်စေနိုင်သကဲ့သို့၊ အသည်းအဆီဖုံးခြင်း (Fatty Liver) ကိုလည်းဖြစ်စေနိုင်ပါသည်။ အသည်းတွင်းအဆီများ စုပုံ လာစေခြင်းသည် ခန္ဓာကိုယ်မှထွက်လာသော အင်ဆူလင် ဟော်မုန်းဓါတ်၏သွေးချိုဓါတ် ကျစေသော အာနိသင်ကိုဆန့်ကျင်မှုဖြစ်စေ ခြင်းကြောင့်သွေးချိုဓါတ်ထိန်းသိမ်းမှုကို ချို့ယွင်းစေနိုင်ပါသည်။ အင်ဆူလင်ဟော်မုန်းဓါတ်အာနိသင်ကိုဆန့်ကျင်မှု (Insulin Resist-ance)သည် ဆီးချိုသွေးချိုရော ဂါဖြစ်စေသောအကြောင်းအချက်တစ်ခုပင် ဖြစ်ပါသည်။ သစ်သီးစားပြီး သွေးချိုဓါတ်တက်ရသည့် အခြားအကြောင်းအချက်တစ်ခုရှိပါသည်။သစ်သီးဝလံတိုင်းတွင်ဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်အပြင် ဂလူးကို့စ်အချိုဓါတ်အစဉ်အမြဲတွဲ၍ ပါသည်။ သစ်သီးအမျိုးအစားအလိုက် ဖရပ်တို့စ်နှင့် ဂလူးကို့စ်ပါဝင်မှု အချိုးပြောင်းလဲမှုရှိနိုင်သော်လည်း အဓိကအချက်မှာ သစ်သီးစားလိုက်လျှင် ဖရပ်တို့စ်သကြားဓါတ်တစ်ခု တည်း ကိုယ်ခန္ဓာတွင်း ဝင်ရောက်သွားခြင်းမဟုတ်ဘဲ၊ အတူတွဲပါလာသော ဂလူးကို့စ်ဓါတ်လည်း ခန္ဓာကိုယ်တွင်း ဝင်ရောက်လာခြင်းကြောင့် သွေးချိုဓါတ်ကို မြင့်တက်စေနိုင်ပါသည်။ သစ်သီးတစ်မျိုး စီတွင်ပါသော ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့၏ အချိုးအစားပါဝင်မှုနှုန်းထားများကို ဇယားအနေဖြင့် တင်ပြနိုင်သော်လည်းစာလေးမည် ရှုပ်ထွေးမည်စိုး၍ မတင်ပြခြင်းဖြစ်ပါသည်။ အထက်တင်ပြ ချက်များကို ပြန်လည်စုစည်းတင်ပြရလျှင် သစ်သီးများစားသုံးခြင်းသည်လည်း သွေးချိုဓါတ်ကို တက်စေနိုင်သည်။ ကိုယ်ခန္ဓာတွင်းဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်သည်။
 
(၁) သစ်သီးများတွင်ပါသော ဖရပ်တို့စ်နှင့်တွဲလာသော ဂလူးကို့စ်များကြောင့် သွေးချိုဓါတ်ကိုချက်ချင်း တက်စေနိုင်ပါသည်။
 
 (၂) ဖရပ်တို့စ်သကြားဓါတ်သည် အဆုံးတွင် အဆီဓါတ်သို့ပြောင်းကာအသည်းတွင် စုပုံလာကာ၊ Insulin Resistance ခေါ်အင်ဆူလင်အာနိသင်ကိုဆန့်ကျင်စေခြင်းဖြင့်လည်း သွေးချိုဓါတ်မြင့်တက်စေခြင်းကို အားပေးပါသည်။
 
 (၃) သစ်သီးမှရသောဖရပ်တို့စ်သကြားဓါတ်များကြောင့် အသည်းတွင်းအဆီစုပုံနေခြင်း(Fatty Liver)နှင့် သွေးတွင်းအဆီများပြားစေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။
 
 (၄) ဖရပ်တို့စ် အချိုဓါတ်များစွာစားသုံးခြင်းက ကိုယ်အလေးချိန်ကိုမြင့်တက်လာစေကာအဝလွန်ကဲမှု ကိုဖြစ်စေနိုင်ပါသည်။ 

အထက်ပါအကြောင်းများကြောင့် စာရေးသူသည် ဆီးချိုသွေးချိုလူနာများကို သစ်သီးစားသုံးရန် မတိုက် တွန်းပါ။ အထူးသဖြင့်သွေးချိုဓါတ်များများပြားနေစဉ်၊ သွေးချိုဓါတ်ထိန်းသိမ်းမှုမကောင်းစဉ်တွင် သစ်သီးများလုံးဝမစားသုံးသင့်ပါ။ သစ်သီးများအစား ဟင်းသီးဟင်းရွက်ကို ပိုမို၍ များများ စားသုံးသင့်ကြ ပါသည်။ သွေးချိုဓါတ်ထိန်းသိမ်းမှုကောင်းလာလျှင်မူ သစ်သီးများကိုအာသာပြေရုံလျှော့၍ စားသုံးသင့်ပါသည်။ပန်းသီးစားလျှင်တစ်ခြမ်း၊ လိမ္မော်သီးစားလျှင်တစ်ခြမ်း၊ငှက်ပျော်သီးစားလျှင်တစ်ဝက်စ သည်ဖြင့် ယခင်စားသည်ထက် တစ်ဝက်လျှော့ စားသုံးသင့်ပါ သည်။ အစာအိမ်တွင် အစာမရှိချိန်မှာ သစ်သီးသက်သက်မစားသင့်ပါ။ သွေးချိုဓါတ်ကို အထိန်းအချုပ်မရှိ ရုတ်တရက်မြင့်တက်စေနိုင်ခြင်းကြောင့် မစားခိုင်းခြင်း ဖြစ်ပါသည်။ သစ်သီးစားလို လျှင် ထမင်းစားပြီးစအချိန်မျိုး၊ ဟင်း သီးဟင်းရွက်များစားသုံးပြီးစ အချိန် မျိုးကိုတွဲ၍စားသုံးပါလျှင် သွေးချိုဓါတ်ရုတ်တရက်ထိုးတက်ခြင်းကို ကာကွယ်ရာရောက်ပါမည်။

ပါမောက္ခဒေါက်တာတင့်ဆွေလတ်

Health Update Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Saturday, May 12, 2012

စတုတ္ထသင်္ဂါယနာတင်ရခြင်း

ဤဆိုခဲ့ပြီးသော ဆရာ၊တပည့်စဉ်ဆက်ရှိလေသော် ထိုဆရာစဉ်တပည့်တို့ လက်ထက်တော်၌ ပိဋကတ်တော်များကို နှုတ်ကပတ်တော်၌သာထားတော်မူလေသည်။အပြည့်အစုံရေးသားမထားကြပေ။ အကြောင်းထူးကားနှုတ်တွင်သာထားတော်မူကြလေသဖြင့် အလွန်ငြိုငြင်ခက်ခဲသောအမှုကိုပြုလာခဲ့ကြရာ  သီဟိုဠ်ကျွန်း၌ ပြည်ရွာကို လုယက်သော စဏ္ဍာလတိဿ မည်သော ဒွန်းစဏ္ဍား သူဖုန်းစား ဘေးဖြစ်သောအခါ မိုးကောင်းစွာမရွာ ၊ မလုပ်ဆောင်ရ၍ ငတ်မွတ်ကြလေသော် သိကြားမင်း လာပြီး အရှင်ဘုရားတို့ ပိဋကတ်တော်ကိုမဆောင်နိုင်ကြကုန်သော် ဖောင်စီး၍ ဖောင်မဆံ့လျှင် သစ်တုံး၊၀ါးလုံးတို့ကိုဖတ်ပြီးဟိုဘက်ကမ်းကို ကူးပါကုန်ကျွနှ်ပ်စောင့်ရှောက်ပါအံ့ ဟုပြောသဖြင့်  ( ဇမ္ဗူဒိတ် သို့သွားခိုင်းခြင်းဖြစ်လေသည်။) သမုဒ္ဒရာနားသို့ရောက်မှ မကူးလို၍ ဤတွင်သာ ပိဋကတ်တော်ကို စောင့်ရှောက်ကြကုန်ဟု ကတိက၀တ်ပြုလျက် သီဟိုဠ်ကျွန်း အစိတ်မလယ ဇနပုဒ် သို့သွားကြလေသည်။ သစ်ဖု ၊ သစ်ဥ ၊သစ်ရွက် စသည်တို့ကိုသာမျှတစေလျက်ပိဋကတ်စာပေ များကို သရဇ္ဈာယ်ကြလေသည်။ဆာလောင်ခြင်းပြင်းပြ၍ မသရဇ္ဈာယ်နိုင်သောအခါ သဲကိုဝမ်းအောက်တွင်စုပုံ ကာထားပြီးတစ်ခုတည်းသောအရပ်၌ ဦးခေါင်းချင်းဆိုင်ကုန်လျက် ပိဋကတ်စာပေတို့ကို စိတ်ဖြင့်ဆင်ချင်ကြကုန်လေသည်။ ဤသို့တိုင်တစ်ဆယ့်နှစ်နှစ်တိုင်အောင် အဠကထာနှင်တကွ ပိဋကတ်သုံးပုံကို အကွယ်ရလေအောင် ဆောင်ရွက်တော်မူလာကြလေသည်။ ဒွန်းစဏ္ဍားသူဖုန်းစားဘေး ကုန်လွန်လေသော် သီဟိုဠ်ကျွန်း ၊ အစိတ်ကလ္လာရာမဇနပုဒ် ၊ မဏ္ဍလာရာမ ကျောင်းသို့ရောက်ကုန်လေ၏။ ကျန်ရှိသောရဟန်းတော်များမှာ ခြောက်ကျိတ်မျှသာဖြစ်ကြောင်းတည်း။ထိုခေတ်မဟာဝင်ကျမ်း၌လာသည်မှာ သာသနာတော်နှစ် ၄၅၀ ရောက် သီဟိုဠ်မင်းဆက် ၁၈ ဆက် သဒ္ဓါတိဿမင်းသား ၀ဋ္ဋဂါမင်းနန်းစံသက်ခြောက်နှစ်မြောက် တွင်နောင်သောအခါ မုခပဌ်တော်ဖြင့်မဆောင် ရွက်နိုင်တော်မူသည်ကို မြင်တော်မူ၍ ယခင်ဆရာစဉ်ဆက်မှလာသောရဟန္တာကြီးငါးရာတို့သည် ထိုမင်းလက်ထက်အစောင့်အရှောက်ပြုသည်ဖြစ်၍ သီဟိုဠ်ကျွန်း ၊ အစိတ်မလယဇနပုဒ် ၊အာလောက မည်သော လိုဏ်၌ အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိုပေထက်ရေးသားတင်ထားလေသည်။

ပဉ္စမသင်္ဂါယနာ

သာသနာနှစ်-၂၄၁၅(အေဘီ-၁၈၇၁)သို့ရောက်သော်၊ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု-ဘွဲ့တံဆိပ်တော်ရ)အမှူးရှိသောသံဃာတော် ၂၄၀၀-တို့သည် မင်းတုန်းမင်းတရားကြီး၏ ပံပိုးကူညီမူဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို (ပဉ္စမအကြိမ်) ကျင်းပပြုလုပ်ပြီးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့် ပိဋကတ်တော်များကို  အရျည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင် အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတွင်)စေခဲ့ရာ၊ ၇-နှစ်ခွဲမျှကြာမှ ပြီးစီးသွားခဲ့ပေ၏။

ဆဋ္ဌသင်္ဂါယနာ

သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ" သီဟိုဠ်(သီရိလင်္ကာ)" ထိုင်း(ယိုးဒယား) '' လာအို(လော)" ကမ္ဘောဒီးယား" ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက " အဋ္ဌကထာကျမ်းများ'' ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်းတည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း)မြန်မာနိုင်ငံမှ
ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ်(ပထမဆုံး- '' တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။