Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Monday, May 21, 2012

ကျန်းမာစစ်ဆေး သက်ရှည်ရေး ကျန်းမာရေးဆေးစစ်ခြင်းနှင့်ကင်ဆာရောဂါ

Health Update Journal မှ ကူးယူဖော်ပြပေးသည်။ 

နာတာရှည် ကူးစက်ရောဂါမဟုတ်တဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါတွေက၊ ကျန်းမာရေးဆေးစစ် ... ခြင်းဖြင့် ရောဂါဖြစ်လာမည့် အရေးကို ဘယ်လိုသိရှိကာကွယ်နိုင်တယ်ဆိုတာ ထိုက်သင့်သလောက်သဘောပေါက်ပေမဲ့ လူအများကြောက်ရွံ့နေကြတဲ့ တိတ်တဆိတ်လူသတ်သမား၊ ကင် ဆာရောဂါနဲ့ပတ်သက်လို့တော့ ဘယ် လိုအကျိုးထူးရှိမှာလည်းဆိုပြီးမိတ်ဆွေ ဖြစ်သူကစပ်စုလာပါတယ်။ တချို့က လည်းကင်ဆာရောဂါဆို တာစသိတာ နဲ့ရောဂါအဆင့်လွန်ပြီး ကုသလို့မရဘဲ သေကြတာဖြစ်လို့ ကျန်းမာရေး ဆေးစစ်လို့ကောဘာအကြောင်းထူးမှာလည်း ဆိုပြီး မိမိတို့အတွေ့အကြုံအရထင်ရာ မြင်ရာပြောနေကြပါတယ်။ တကယ်တော့ ကင်ဆာရောဂါ ဆိုတာ မတော်တဆထိခိုက်ဒဏ်ရာရသလို ကူးစက်ရောဂါတွေလို ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ရောဂါမဟုတ်ပါဘူး။ ကင်ဆာရောဂါဟာ ဘာကြောင့်ဖြစ် တယ်ဆိုပြီး သီးသန့်အကြောင်းရင်းကို မသိကြပေမဲ့ ဘယ်လိုအကြောင်းအခြင်းရာတွေနဲ့ ဆက်နွယ်မှုရှိတယ်။
ဘယ်လိုအခြေအနေတွေဟာကင်ဆာ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာထိုက်သင့် သလောက်တော့ သိထားကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းလိုလိုမှာ ကင်ဆာဖြစ်နိုင်တာမို့ ကင်ဆာအမျိုး အစားပေါင်းလည်းများစွာရှိကြပါတယ်။ တချို့ကင်ဆာဟာ မျိုးရိုးလိုက်တတ်သလို တချို့ကြတော့ လည်းနေထိုင်စားသောက်မှုစရိုက်တွေက ကင်ဆာဖြစ်စေဖို့တွန်းပို့တတ်ပါတယ်။ ရင်သားကင်ဆာ (၅.၁၀%)မှာ ကင်ဆာမျိုးရိုးလိုက်တတ်သလိုဆေးလိပ်စီးကရက်သောက်သူတွေဟာ အဆုတ် ကင်ဆာအဖြစ်ပိုများပါတယ်။ အရက်အသောက်များပြီး အသည်းရောင်အသားဝါဘီပိုး၊ စီပိုးရှိသူတွေကတော့ အသည်းကင်ဆာအဖြစ်များပြီး  H.Pylori ပိုးကြောင့် အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ရောဂါရှိ သူတွေကတော့ အစာအိမ်ကင်ဆာရောဂါ ပိုဖြစ်တတ်ကြပါတယ်။ ကျန်းမာရေးဆေးစစ်လို့ ဒီလိုအကျင့်စရိုက်
တွေ ရောဂါတွေရှိနေရင်တော့ ပိုဂရုစိုက်စောင့်ကြည့်ပြီး ဒီရောဂါတွေကို ကြိုတင်ကုသပျောက်ကင်းစေပါကကင်ဆာရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ အူမကြီးကင် ဆာဟာ ဟင်းသီးဟင်းရွက်အစား နည်းပြီး အသားစားများတဲ့သူတွေမှာ ဖြစ်တာများသလို familial adenoma tous polyposis အသားပိုလုံးရောဂါတွေ GUlcerative colitis အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းတဲ့ ရောဂါတွေမှာ အချိန်ကြာလာတာနဲ့ အမျှကင်ဆာဖြစ်ပွားမှုဟာလည်း ပို ကြီးမားလာတတ် ပါတယ်။ ဒီရောဂါ တွေကိုလည်းသတိပိုထားပြီးစောင့်ကြည့် ပါကကင်ဆာရောဂါကိုစောစီးစွာနုစဉ် မှာသိရှိ ကုသပျောက်ကင်းစေသလို ကင်ဆာမ ဖြစ်မီထိထိရောက်ရောက် ကုသပေးပါက ကင်ဆာရောဂါကာ ကွယ်ပြီးသားဖြစ်သွားတာပါပဲ။ အမျိုးသမီးတွေရော အဖြစ်များ တဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာတွေကတော့ ကျန်းမာရေးဆေးစစ်ရာမှာ အလွယ်တကူလည်း စမ်းသပ်ရှာဖွေတွေ့ရှိနိုင် သလိုကင်ဆာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုလည်း စစ်ဆေးဖော်ထုတ်နိုင်တာမို့ ဒီကင်ဆာရောဂါတွေကို ကာကွယ်ရာမှာ၊ ပျောက်ကင်း အောင်ကုသရာမှာ အထူးပဲအကျိုးများလှပါတယ်။ရင် သားဟာရင်ဘတ်ရဲ့အရေပြားအောက်မှာတည်ရှိနေတဲ့ ခန္ဓာအစိတ်အပိုင်း ဖြစ်ပြီး ထင်သာမြင်သာရှိကာ အလွယ်တကူစမ်းသပ်စစ် ဆေးနိုင်တာမို့ အကြိတ်အဖုရင်သားမှာ ရှိနေပါက စောစီးစွာသိရှိနိုင်မှာ ဖြစ်ပါတယ်။ ကာယကံရှင်အနေနဲ့ လစဉ်ရာသီပေါ် ပြီး(၁)ပတ်အတွင်းမှာစနစ်တကျကိုယ့်
ဖာသာကိုယ် ရင်သားနဲ့ ချိုင်းတွေကို
စမ်းကြည့်ဖို့တော့လိုအပ်ပါတယ်။(၉၀-၉၅%)သော ရင်သားအကြိတ်
တွေဟာကင်ဆာ မဟုတ်ကြပေမဲ့
(၅.၁၀%)ဟာ ကင်ဆာဖြစ်နေတယ်
ဆိုတာကိုတော့ တတ်သိကျွမ်းကျင်တဲ့
သမားတော်တွေနဲ့ပြသ စစ်ဆေးဖို့
တော့လိုအပ်လှပါတယ်။ သမားတော်
တွေကလည်းမသေချာပါက ရင်သား
ကို အသံလှိုင်း Ultrasound ဖြင့် စစ်
ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ် ဆေးခြင်း
Mammogram များပြုလုပ်ပြီး ကင်
ဆာဖြစ်နိုင်၊ မဖြစ်နိုင်ကိုဆုံး ဖြတ်ရပါ
တယ်။ နောက်ဆုံးလိုအပ်ပါကအသား
စကို ထုတ်ယူစစ်ဆေးခြင်း Biopsy
လုပ်ခြင်းဖြင့်တိကျတဲ့အဖြေကို ရပြီး
မှန်ကန်တဲ့ပြီး ပြည့်စုံတဲ့ ကုသခြင်းဖြင့်
ရောဂါကိုကာကွယ်တားဆီးခြင်းပျောက်
ကင်းစေခြင်းများဖြင့်ကာယကံရှင်အား
ရောဂါကင်းဝေးပြီးအသက်ရှည်စေရန်
အကျိုးပြုမှာဖြစ်ပါတယ်။
ကျန်းမာရေးဆေးစစ်ဆေးတဲ့
အကျိုးကျေးဇူးကို မသိနားမလည်
မတတ်နိုင်ဘဲ အဝိဇ္ဇာ၊ မိစ္ဆာဒိဋ္ဌိဖုံးလွှမ်း
နေတဲ့သူတွေကတော့ ရမ်းကု ဝိဇ္ဇာ ငါ
ဆရာလုပ်သူကလုပ်၊ နားမလည်သူက
အကြံပြုလို့ တတ်ရောင်ကားတွေနဲ့
ကုသကြပြီးနောင်ရောဂါ အဆင့်ရင့်ပြီး
ကုသလို့မရနိုင်တော့တဲ့အခြေရောက်မှ
လာပြသကြတာတွေအတော်လေးများ
နေကြပါတယ်။ ကုသလို့မပျောက်
ကင်းနိုင်တဲ့အခြေရောက်မှလာပြတော့
ခံစားရမှုသက်သာရုံ၊ ပိုအသက်ရှည်ရုံ
လောက်သာကုသပေးရပြီးလူနာဒုက္ခ
ရောက်တာမြင်တော့ ကင်ဆာရောဂါဆိုတာကုသလို့မရပါဘူး။သေတာ
ချည်းပဲ၊ဆေးစစ်လို့ကောဘာအကြောင်း
ထူးမှာလည်းလို့ မှားယွင်းစွာယူဆကြ
သူတွေများလို့ ယခုလိုကျန်းမာစစ်
ဆေးသက်ရှည်ရေးဆိုပြီးဆွေးနွေးရခြင်း
ဖြစ်ပါတယ်။
အခြားတွေ့ကြုံရများတဲ့ ကင်
ဆာအမျိုးအစားကတော့ သားအိမ်
ခေါင်းကင်ဆာပဲဖြစ်ပါတယ်။ သား
အိမ်ခေါင်းဟာလည်း လက်နဲ့အလွယ်
တကူစမ်းသပ်နိုင်ပြီး မျက်စိနဲ့တိုက်
ရိုက်ကြည့်ရှုစစ်ဆေးနိုင်တဲ့ခန္ဓာအစိတ်
အပိုင်းဖြစ်ပါတယ်။Colposcopy
ခေါ်တဲ့ မှန်ဘီလူးဖြင့် စစ်ဆေးပါက
သားအိမ်ဝမှာ ဖြစ်ပေါ်ပြောင်းလွဲနေမှု
တွေကို အသေးစိတ်ကြည့်ရှုနိုင်ပြီး
ကင်ဆာဖြစ်တတ်တဲ့ အမှေးပါးကပဋိ
ဇီဝဆဲလ်တွေကို ခြစ်ထုတ်စစ်ဆေးပြီး
ဘာရောဂါဖြစ်နေသလဲ၊ ကင်ဆာဖြစ်
နိုင်ခြေရှိသလား၊ ကင်ဆာဖြစ်နေပါ
ကလည်း ဘယ်အဆင့်အထိဖြစ်နေပြီ
လဲဆိုတာတွေကိုသိရှိပြီး လိုအပ်သလို
ကုသပျောက်ကင်းစေနိုင်ပါတယ်။
ဒီကင်ဆာရောဂါကတော့ သားသမီး
များပြီး အသက်ရသူတွေမှာအဖြစ်
များပြီး သွေးဆုံးပြီးမှသွေးပြန်ပေါ်တဲ့
လက္ခဏာပြတတ်သလို တချို့မှာတော့
ကာမဆက်ဆံတဲ့အခါမှာ နာကျင်မှု၊
သွေးဆင်းမှုတွေဖြစ်လေ့ရှိပါတယ်။
ဒီလက္ခဏာတွေမပေါ်မီ ကြိုတင်စစ်
ဆေးကုသပေးရင်တော့ ရောဂါကို
ကာကွယ်နိုင်သလို ကင်ဆာဖြစ်ခဲ့ရင်
လည်း စောစီးစွာ ကုသနိုင်လို့ရောဂါ
ပျောက်ကင်းပြီး သက်တမ်းစေ့နေနိုင်
မှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာမှာ
တိကျတဲ့ကာ ကွယ်ဆေးမရှိပေမဲ့
ဒီသားအိမ်ခေါင်းကင်ဆာ(၇၀-၈၀%)
ခန့်မှာ
HPV Human Papilloma
Virus
ပိုးဝင်ပြီး နှစ်အတော်ကြာမှ
ဖြစ်တတ်လို့ ဒီပိုးကိုကာကွယ်တဲ့ ဆေး
ထိုးပေးပါက ထိုက်သင့်သလောက်
ဒီရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးက ဈေးကြီးပြီး
အနည်းဆုံး(၃)ကြိမ်လောက်ထိုးမှ
အကျိုးရှိမှာမို့ ဒီဆေးကို ဘယ်လိုလူ
တွေမှာထိုးသင့်တယ်။ ထိုးတဲ့အခါမှာ
ဘာတွေသတိထားသင့်တယ် ဆိုတာ
ကိုတော့ သိထားဖို့ လိုပါတယ်။ အတို
ချုပ်ယေဘုယျတင်ပြရရင်တော့
ဒီဆေးကို အသက်ငယ်စဉ် Sex life
မစမှီ(၁၂)နှစ်က(၂၀)နှစ်အတွင်း
လူငယ်တွေ၊ အပျိုကြီးတွေ၊ အိမ်
ထောင်ရေးသစ္စာရှင်တွေမှာသုံးသင့်ပါ
တယ်။ အသက်အရွယ်ရလာပြီး
ကလေးများသူတွေ၊ Sex Partner
အပေါင်းအသင်းများသူတွေအတွက်
တော့ ဒီဆေးက အကျိုးပြုပေးမယ့်
ပဋိဇီဝကမ္မဓာတ်တုံ့ပြန်မှု Antibodies တွေရှိနေပြီးသားမို့ သိပ်အကျိုး
မထူးလှပါဘူး။ အခြားသိထားဖို့က
H.P.V ဗိုင်းရပ်စ် အမျိုးအစားပေါင်း
Genotype ဗီဇ(၁၀ဝ)ကျော်ရှိပြီး
Genotype (၃၀)လောက်ကသာ
ကင်ဆာဖြစ်စေပါတယ်။ ဒီ(၃၀)အမျိုး
အစားမှာလည်း မိမိတို့နိုင်ငံ မိမိတို့
ဌာနေမှာ ဘယ်အမျိုးအစားတွေက
ကင်ဆာဖြစ်စေတယ်ဆိုတာသိထားပြီး၊
အဲဒီ Genotype အမျိုးအစားကို
သာတားဆီး ကာကွယ်ပေးတဲ့ Genotype
ပါတဲ့ကာကွယ်ဆေး အမျိုး
အစားတွေကသာတကယ်ထိရောက်စွာ
တာဆီးကာကွယ်ပေးနိုင်မှာ ဖြစ်ပါ
တယ်။ ဒါကြောင့် ဒီကာကွယ်ဆေး
ထိုးတော့မယ်ဆိုရင် မိမိတို့ အရပ်မှာ
ဘယ်ပိုးတွေကြောင့် သားအိမ်ခေါင်း
ကင်ဆာဖြစ်တာလဲ။ ယခု မိမိမှာ အဲဒီ
ပိုးရှိနေပြီလား မရှိသေးဘူးလား(တချို့
ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေး
နိုင်ပါသည်။) မိမိကိုထိုးပေးမည့်ကာ
ကွယ်ဆေးရဲ့ဗီဇ Genotype နဲ့ မိမိ
နေရပ်မှာကင်ဆာဖြစ်လေ့ရှိတဲ့ ဗိုင်းရပ်
Genotype လျော်ညီရဲ့ လားဆိုတာ
တွေကိုသက်ဆိုင်ရာ သမားတွေထဲမှာ
မေးမြန်းစုံစမ်းပြီးမှသာ ဆောင်ရွက်
သင့်ပါတယ်။ မိမိမှာရှိနေတဲ့Jh Virus ရဲ့
Genotype နဲ့ ကာကွယ်ဆေး Genotype
ရှိနေပါကလည်းတုံ့ပြန်တဲ့ Antibodies
တွေရှိပြီးသားမို့ငွေကုန်ပြီး
ဆေးရဲ့အန္တရာယ်သာပိုများတတ်ပါတယ်။
အကယ်၍ကျန်းမာရေးဆေးစစ်ရာ
မှာ သားအိမ်ခေါင်းရဲ့ပဋိဇီဝဆဲလ်တွေ
ကင်ဆာဖြစ်ရန်အစပျိုးတဲ့ CIN Cervical
intraepithelial neoplasia နဲ့
CISCarcinoma insitu အခြေအနေ
တွေတွေ့ရှိပါက လိုအပ်တဲ့ကုသမှုဖြင့်
ရောဂါကိုကာကွယ်ခြင်းပျောက်ကင်းစေ
နိုင်မှုတွေကိုအကျိုးပြုနိုင်မှာဖြစ်ပါတယ်။
ဒီအပြင် ခန္ဓာကိုယ်ကနေ ကင်
ဆာ ရောဂါအမျိုးအစားတွေအပေါ်
လိုက်ပြီး Tumor Marker ခေါ်တဲ့
ပဋိဇီဝကမ္မဓာတ်တွေကို ထုတ်ပေးလို့
ဒီဓာတ်ပစ္စည်းတွေကိုကျန်းမာစစ်ဆေး
ရာမှာစမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါ
လက္ခဏာနဲ့ စပ်ဟပ်ညှိနှိုင်းပြီး ဒီဓာတ်
ပစ္စည်းတွေများနေပါက ဘာရောဂါ
ဖြစ်နိုင်တယ်ဆိုတာမှန်းဆပြီး ပိုမိုထိ
ရောက်တိကျတဲ့ စမ်းသပ်စစ်ဆေးမှု
ဖြင့်ရောဂါကိုစောစီးစွာတွေ့ရှိကုသပေး
နိုင်မှာဖြစ်ပါတယ်၊အသည်းကင်ဆာမှာ
alpha feto protein colon cancer, CEA (Chorioembryonic antigen,
Ovary Cancer rSm
CA125,
ရင်သားကင်ဆာမှာ
CA15/3 စတာတွေဟာ ရောဂါရှာ
ဖွေရာမှာ အသုံးဝင်လှသလိုကုသပြီး
လူနာကို ပြန်ခေါ်စစ်ဆေးရာမှာရော
ဂါပြန်ပြီး ဖြစ်နေ၊မနေကိုဖော်ထုတ်ရာ
မှာလည်း အသုံးတည့်လှပါတယ်။
ရောဂါကု သပြီးလို့ ဒီဓာတ်တွေရဲ့
ပမာဏလျော့ကျနေပေမဲ့ ရောဂါပြန်
ဖြစ်တဲ့ Recurrent အခြေအနေမှာ
တော့ ဒီဓာတ်တွေရဲ့ ပမာဏဟာ
ပြန်ပြီးပိုတက် လာတတ်ပါတယ်။
ဒီခေတ်ပေါ် ကျန်းမာရေးစစ်
ဆေးမှုတွေဟာများစွာအထောက်
အကူဖြစ်သလို လူနာရဲ့ ရာဇဝင်နဲ့
ကိုယ်တွေ့စစ်ဆေးမှုဟာလည်း အထူး
အရေးကြီး၊ အရေးပါလှမှုကို နောက်
အပတ်မှာတော့ ကျန်းမာရေးစစ်ဆေး
ရာမှာ ဘာတွေကိုဘယ်လိုဆောင်
ရွက်ကြသလဲဆိုတာနဲ့ ပတ်သက်ပြီး
ဆက်လက်ဆွေးနွေးမည်ဖြစ်ပါကြောင်း
ဖြင့် နိဂုံးချုပ်အပ်ပါသည်။

ပါမောက္ခဒေါက်တာမြသိန်းဟန်

ကျန်းမာစစ်ဆေး သက်ရှည်ရေး ကျန်းမာစစ်ဆေးရာ သတိထားပါ

Health Update Journal မှ ကူးယူဖော်ပြပေးသည်။ 

 
ပြီးခဲ့တဲ့အပတ်တွေက ကျန်းမာ ရေး ဆေးစစ်မှုဟာ ရောဂါတွေကို ဘယ်လိုကြိုတင်သိရှိနိုင်ဖို့ စနစ်တကျ ပြီးပြည်စုံအောင် ရောဂါမဖြစ်ခင်၊ ဖြစ်စအခြေအနေတွေမှာကုသပေးနိုင် ပါက ကင်ဆာရောဂါရောဂါများပင် ပျောက်ကင်းပြီး အသက်ရှည်ကျန်း မာနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့် ဆိုတဲ့ စကားနဲ့အညီ မိမိကျန်းမာရေး ကို ဥာဏ်ကူပြီး စောင့်ရှောက်ပေးခြင်း ဖြင့် ကျန်းမာစွာ အသက်ရှည်နေထိုင် နိုင်ကြမှာဖြစ်ပါတယ်။ ဒီမှာလည်း ကျန်းမာရေးဆေးစစ်တယ်ဆိုတာ ဘာပါလဲ။ ဘယ်လိုစစ်ဆေးတာပါလဲ။ ဘာတွေကိုစစ်ဆေးတာလည်းဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။
ယေဘုယျအားဖြင့်တော့ ကျန်း မာရေး ဆေးစစ်တယ်ဆိုတာ မိမိရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေဟာ အထွေထွေအားဖြင့် ဘယ်လိုရှိနေ သလဲ။ မိမိရဲ့ခံစားနေရမှုနဲ့ ပတ်သက် ပြီး ဘာရောဂါတွေဖြစ်နေပြီလဲ၊ ဘာ ရောဂါတွေကော ဖြစ်လာနိုင်သလဲ ဆိုပြီး ရောဂါလက္ခဏာတွေ ထင်ရှား ပေါ်မလာခင် စစ်ဆေးစမ်းသပ်မှုတွေ ပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ပေါ်လာလို့ ဆေးရုံဆေးခန်းတွေမှာ သမားတော်တွေနဲ့ တိုင်ပင်ဆွေးနွေး၊ စမ်းသပ်စစ်ဆေးခံယူတာကတော့ ရောဂါလက္ခဏာအရ ဘာရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ ပိုမိုတိကျခိုင်မာ စေဖို့နဲ့ ရောဂါရဲ့လက်ရှိ အခြေအနေ အဆင့်တွေကို သိသာဖို့ အခြား နောက်ဆက်တွဲ ဘာရောဂါတွေပါ ပူးတွဲဖြစ်နေသလဲဆိုတာ စစ်ဆေးစမ်း သပ်ပြီး ကုသမှုခံယူနေတဲ့လူနာတစ်ဦး ကိုဆေးရုံမှာ စစ်ဆေးစမ်းသပ်တာဖြစ် ပါတယ်။
ကျန်းမာရေးဆေးစစ်တာက တော့ ရောဂါရယ်လို့ သီးသန့်မခံစားရ သေးပေမဲ့ ဘာရောဂါတွေများဖြစ်နိုင် ခြေပိုများနေသလဲ။ ရောဂါကောစဖြစ် နေပြီလားဆိုတဲ့ ရောဂါဝေဒနာ မခံစားရမှီ Protective သဘော စမ်း သပ်စစ်ဆေးတာဖြစ်ပါတယ်။ ဒီမှာ လည်း သမားတော်နဲ့ ဦးစွာတိုင်ပင်ပြီး အိမ်ရဲ့ နေထိုင်ရာအရပ်၊ မိသားစုရာဇ ဝင်၊ မိမိ၏အသက်နဲ့လိင်၊ယခင်ခံစားခဲ့ ရဖူးတဲ့ရောဂါ၊ မိမိရဲ့နေထိုင်စား သောက်မှု စရိုက်တွေကို ဆွေးနွေးပြီး သမားတော်၏ ကိုယ်တွေ့မျက်မြင် စစ်ဆေးစမ်းသပ်မှုတွေအပေါ် မူတည် ပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ် ဆောင်မှုရှိသလို တချို့ဆေးရုံဆေးခန်း တွေမှာတော့ အသက်အရွယ်အလိုက် ကုန်ကျမှုစားရိတ်ခံနိုင်မှုတွေ အပေါ် မူတည်ပြီး သာမန်အထွေထွေဆေးစစ် ဆေးခြင်း၊ အသက်(၄၀)အောက်(၄၀) အထက်ကျားမခွဲခြားပြီး မိမိတို့စိုးရိမ် တဲ့၊ သိလိုတဲ့ရောဂါများရှိနေ၊ ဖြစ်နေမှု ကိုသိလိုလို့ စမ်းသပ်စစ်ဆေးခြင်းနှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ သားဖွားမီးယပ်၊ဆီးလမ်းကြောင်းဆိုင် ရာရောဂါတွေနဲ့ ပတ်သက်တဲ့ပဋိဇီဝ ဓာတု ဓာတ်တွေရဲ့အခြေအနေ၊ ကင်ဆာရောဂါတွေမှာ သွေးအတွင်း ပိုမိုရှိလာကြတဲ့ Tumour marker တွေရဲ့၊ပမာဏတွေကိုစမ်းသပ်စစ်ဆေး ခြင်းစသည်ဖြင့် Package အလိုက် တန်ဖိုးနဲ့စစ်ဆေးမှုတွေကို ဖော်ပြပြီး စစ်ဆေးပေးတာတွေလည်း ရှိကြပါ တယ်။ Package အလိုက်စစ်ဆေး တာကတော့သမားတော်နဲ့တွေ့ဆုံဆွေး နွေးဖို့အချိန်မပေးနိုင်သူတွေမှာအသက် အရွယ်၊ လိင်အရ တကယ်လိုမလို စဉ်း စားတာ မဟုတ်ဘဲ၊ မိမိကိုယ် မိမိကျန်း မာနေတယ်၊ဘာမှထူးထူးထွေထွေမဖြစ် ဘူးလို့ ယူဆသူတွေအတွက် အချိန် ကုန်လူပန်းသက်သာတဲ့ နည်းလမ်းဖြစ် ပါတယ်။ အားလုံးစစ် ဆေးပြီးမှ သက် ဆိုင်ရာဆေးမှူး၊ သမားတော်ကစစ် ဆေးမှု Result တွေကို ရှင်းပြဆွေး နွေးပြီးဘာတွေ ရှောင်လို့ ဘယ်လိုနေ ထိုင်စား သောက်မှုစရိုက်တွေပြောင်း သင့်တယ်။ ဘယ်လိုဆေးဝါးတွေမှီဝဲ သင့်တယ်၊ ဘယ်လိုပါရဂူတွေနဲ့ထပ် ဆင့် ပြသစစ်ဆေးဖို့လိုတယ်ဆိုပြီး အကြံပြုကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူတွေကိုအသက်အရွယ်၊ လိင်နဲ့ ဝန် ဆောင်မှုပေးနိုင်တဲ့အပေါ်မူတည်ဆောင် ရွက်တာမို့ မိမိအတွက် မလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလဲ ပါနိုင်လို့ အကျိုးအပြည့်အဝတော့ ရချင်မှရမှာ ဖြစ်ပါတယ်။
အချိန်ပေးနိုင်တယ်၊ အကုန် အကျလည်း ခံနိုင်တယ်ဆိုရင်တော့ ဦးစွာသမားတော်နဲ့တိုင်ပင်ပြီး မိမိမှာ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ရောဂါတွေ အတွက် ဦးစားပေးပြီး ကျန်းမာရေး ဆေးစစ်မှုကတော့ ပိုပြီးအကျိုးများစေ နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါ တွေအတွက် ဦးတည်စစ်ဆေးရတော့ တခြား မလိုအပ်တဲ့စစ်ဆေးမှုတွေ မပါတော့လို့ အကုန်အကျလည်းသက် သာ စေနိုင်ပါတယ်။ တချို့လူတွေက တော့ သူ့မိသားစုတွေမှာ ဘာရောဂါ ဖြစ်တာများလို့ သူလည်းစိုးရိမ်ပြီး ဒီရောဂါ ဖြစ်နိုင်ခြေရှိမရှိ(ဥပမာ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ နှလုံးရောဂါစသည်)ကိုသာ သိလိုပြီး စစ်ဆေးချင်တဲ့သူတွေအတွက်လည်း Customers' choice ကို ဦးစားပေး ဆောင်ရွက်ပေးကြရပါတယ်။ Package အလိုက်စစ်ဆေးမှုကတော့ Ready made ကိုဝယ်ယူသလိုဖြစ်ပြီး သမားတော်နဲ့ပြသပြီး စစ်ဆေးခံယူမှု ကတော့ hTailored made မှာယူသလို ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်(၅၀) ကျော်လာသူတွေက တော့ နှစ်စဉ် သို့မဟုတ် တစ်နှစ်ခြား တစ်ကြိမ်တော့ ကျန်းမာရေးဆေးစစ် ဆေးခြင်းဖြင့် အသက်ကိုÓဏ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းသင့်လှပါတယ်။ အနည်းဆုံးတော့ အခြေခံအကျဆုံး အထွေထွေကျန်းမာရေး ဆေးစစ်မှုဖြင့် မိမိမှာသွေးတိုးဆီးချို၊ နှလုံးရောဂါ စဖြစ်နေတဲ့ လက္ခဏာအဆုတ်တီဘီ ရောဂါ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာစတာတွေကို စောစီးစွာ သိရှိ ကုသနိုင်ဖို့ လိုအပ်လှပါတယ်။ သမား တော်တွေကတော့မိမိခံစားရမှုဝေဒနာ တွေနဲ့ ရောဂါရာဇဝင်တွေကို မေးမြန်း ပြီး မျက်မြင်ကိုယ်တွေ့ စစ်ဆေးကာ လိုအပ်မယ်ယူဆတဲ့စမ်းသပ်စစ်ဆေးမှု တွေကိုလူနာရဲ့ဆန္ဒနဲ့ကိုက်ညှိပြီးဆောင် ရွက်ချက်ပေးကြမှာ ဖြစ်ပါတယ်။
အထွေထွေကျန်းမာရေး ဆေး စစ်ရာမှာတော့ လူနာရဲ့ စိတ်ကျန်းမာ ရေးအခြေအနေကို အကဲခတ်ပြီး အာ ဟာရပြည့်ဝမှုသွေးအား (haemoglobin) နဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥတွေရဲ့ပမာဏ၊ပုံပန်းသဏ္ဌာန် အရေအတွက်တွေအပြင် ESR (Erythrocyte Sedimentation Rate တွေ သိရှိဖို့ Blood for complete Picture ကိုလူနာရဲ့ သွေးပေါင် ချိန်၊ နှလုံးခုန်နှုန်းတွေကို စစ်ဆေးပြီး ဆောင်ရွက်ပေးကြပါတယ်။ တကယ် တော့ ဦးခေါင်း၊မျက်လုံး၊နား၊နှာခေါင်း၊ အာခေါင်တွေပါမကျန် စစ်ဆေးကြပြီး လည်ပင်းမှာတော့ အကြိတ်အဖုတွေရှိ မရှိ။ သွေးပြန်ကြောမကြီးတွေထောင် နေမနေ၊ အဆုတ်အတွင်းလေဝင်မှု ညီ မညီ၊ ရင်သားတွေနဲ့ ဂျိုင်းတွေမှာ အကြိတ်ရှိမရှိစတာတွေကို စစ်ဆေးတဲ့ အပြင် ဝမ်းဗိုက်ဖောင်းကားမှုအခြေ အနေ၊ အသည်း၊ ဘေလုံးတွေကြီးနေ မနေ၊ အခြားအလုံးအဖုတွေရှိ မရှိ၊ အရည်တွေစုနေ မနေ စတာတွေကို အကြမ်းဖျင်းစစ်ဆေးမှတ်တမ်းတင် ထားရပါတယ်။ ယခုခေတ်မှာတော့ သွေးချိုလွန်ကဲတဲ့ ဆီးချိုရောဂါတွေ ကလည်း အဖြစ်များတော့ သွေးရဲ့ အချိုဓာတ် Blood Sugar level ကို လည်းစစ်ဆေးကြရပါတယ်။ ဆီးနဲ့ဝမ်း တွေမှာလည်း ဓာတ်ပြောင်းလဲမှုရှိနေ မနေ သိဖို့ အနည်းဆုံးတော့ Routine Exam လုပ်ကြပြီး လိုအပ်ပါက ဆီးမှပိုးမွေးမြူတဲ့ Urine for culture and Sensitivity Test လုပ်ကြ ရပါတယ်။
နှလုံးနဲ့ အဆုတ်တွေရဲ့ အခြေ အနေကို အကြမ်းဖျင်းသိရှိနိုင်ဖို့ ရင် ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ ECG ရိုက်စစ်ဆေးခြင်းတွေကိုလည်း အခြေခံစစ်ဆေးမှုတွေမှာလုပ်ပေးလေ့ ရှိကြပါတယ်။ အလုပ်အကိုင်လုပ်ငန်း ခွင်ဝင်မည့်သူတွေမှာတော့ ကူးစက် ရောဂါဖြစ်စေတဲ့အသားဝါအသည်းရောင် ရောဂါဘီပိုးနဲ့စီပိုးနဲ့ခုခံအားကျဆင်းတဲ့ ကူးစက်ရောဂါပိုး HIV ပိုးတွေရှိ မရှိကို လည်းစစ်ဆေးပေးကြရပါတယ်။ ဒါ တွေကိုတော့ ဓာတ်ခွဲခန်းတွေမှာ အလွယ်တကူ စစ်ဆေးနိုင်ကြပါတယ်။ စစ်ဆေးတဲ့စက်တွေ ကောင်းမွန်ဖို့ သုံးတဲ့ Reagent တွေလတ်ဆတ်ဖို့ ကျွမ်းကျင် စေတနာထားတဲ့ ဝန်ထမ်း တွေရှိဖို့ကတော့ အထူးလိုအပ်ပါ တယ်။ ဒါမှတိကျမှန်ကန်တဲ့ Result တွေရရှိပြီး သမားတော်တွေကလည်း သင့်လျော်တဲ့ အကြံÓဏ်ကောင်းများ ပေးနိုင် သလိုစနစ်တကျနည်းမှန်လမ်း မှန်ကုသနိုင်ကြမှာဖြစ်ပါတယ်။
ဝမ်းဗိုက်အတွင်းမှာ အသည်း ရောင်မှု၊သည်းခြေအိတ်ကျောက်တည် မှုစတဲ့ ရောဂါတွေကိုတော့ အသံလှိုင်း Ultrasound(US) ဖြင့်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ သားဖွားမီးယပ် ဆိုင်ရာသားအိမ်၊ သားဥအိမ်အလုံး အဖုတွေ၊ အရည်အိတ်တွေမှာလည်း US စစ်ဆေးမှုဟာ အသုံးဝင်လှသလို ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက် ကပ်ပွ ခြငံ်း Hydronephrosis တွေမှာ လည်း US စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါ တယ်။ တကယ်တော့ လူရဲ့အခြေ အနေလို အပ်ချက်တွေအရ Computerized Tomography (CT)
MRI, PET Scan စတာတွေအပြင် ပုံရိပ်ဖော်နည်းလမ်းများစွာနဲ့ Tumour Marker စတဲ့ ကင်ဆာရောဂါ တွေမှာ သွေးအတွင်းပိုမိုတွေ့ရှိရတဲ့ ပဋိဇီဝဓာတ်တွေကိုရှာဖွေမှု၊ရောဂါအရ ဗိုင်းရပ်စ်ပိုး တွေရဲ့ DNA, RNA စတဲ့ ဗီဇဆိုင်ရာ စစ်ဆေးမှု၊ ဟော်မုန်းဓာတ် မျိုးစုံရဲ့ ပမာဏကို သွေးအတွင်း၊ ဆီး အတွင်း စစ်ဆေးမှုစတဲ့ စစ်ဆေးမှု ပေါင်းရာ နဲ့ချီရှိပါတယ်။ ဒါပေမဲ့ ဘယ် လိုစစ်ဆေးမှုဟာ လူနာအတွက်ပြုစု ကုသရာမှာ အသက်ရှင်သန်နိုင်မှုကို ခန့်မှန်းရာမှာ အသုံးဝင်မှုရှိ မရှိကို သမားတော်တွေက သုံးသပ်ပြီး လူနာ နဲ့ဆွေးနွေးတိုင်ပင်ကာ တကယ်အသုံး ဝင်မည့် စစ်ဆေးစမ်းသပ်မှုတွေကိုပဲ ဆောင်ရွက်ဖို့လိုအပ်လှပါတယ်။ ဒီလို ကျန်းမာရေး ဆေးစစ်ဆေးမှုဖြင့် စာရှု သူမိတ်ဆွေများ မိမိတို့၏ ကျန်းမာ ရေးကို စောင့်ရှောက်နိုင်ကြကာ ကျန်း မာပြီးသက်ရှည်နိုင်ကြပါစေလို့ ဆုတောင်း၊မေတ္တာပို့သအပ်ပါသည်။
ပါမောက္ခဒေါက်တာမြသိန်းဟန်

Thursday, May 17, 2012

ကိုယ်ကာယလှုပ်ရှားမှု (ပါမောက္ခဒေါက်တာတင့်ဆွေလတ်)



သုတေသနများစွာက၊ ကိုယ် ကာယလှုပ်ရှားမှုသည် ဆီးချို၊ သွေး ချိုရောဂါဖြစ်ပေါ်လာမှုကို ကာကွယ်  ပေးသည်ကို သာဓကပြခဲ့ပြီး အတည်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ပြလုပ်ခဲ့သော အမျိုးသားကျန်းမာရေးစစ်တမ်းများအရ တစ်နေ့လျှင် တယ်လီဗွီးရှင်းထိုင်ကြည့်ချိန် နှစ်နာရီတိုးထားခြင်းက ဆီးချို၊ သွေးချိုရောဂါဖြစ်ပေါ်လာစေမှု အန္တရာယ်ကို (၁၄)ရာခိုင်နှုန်းမြင့်တက် များပြားစေ ကြောင်းတွေ့ရှိခဲ့ပါသည်။ တစ်နေ့လျှင် နှစ်နာရီခန့် မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းက ဆီးချို၊ သွေချိုရောဂါ ဖြစ်ပွားနှုန်းကို (၁၂)ရာခိုင်နှုန်းလျော့ နည်းစေကြောင်း တွေ့ရှိခဲ့ကြပါသည်။ တစ်နေ့လျှင် တစ်နာရီနှုန်း၊ လမ်းသွက်သွက်လျှောက်ခြင်းက ဆီးချိုသွေးချို ရောဂါဖြစ်ပေါ်စေမှု အန္တရာယ်ကို (၃၄)ရာခိုင်နှုန်းလျော့နည်းစေကြောင်း တွေ့ရှိထားပါသည်။ လှုပ်ရှားမှုနည်းသော အပြုအမူများအနက် တီဗွီထိုင်ကြည့်ခြင်း၊ အလုပ်တွင်အထိုင်များခြင်း၊ အခြားအကြောင်းကြောင့် အထိုင်များခြင်းများရှိကြရာတွင် တီဗွီရှေ့ထိုင်ကြည့်ခြင်းကဆီးချို၊ သွေးချိုရောဂါဖြစ်ပေါ်စေမှုနှင့် အများဆုံးဆက်စပ်နေ ကြောင်းတွေ့ ရှိထားပါသည်။ တီဗွီရှေ့ထိုင်ကြည့်ခြင်းသည် ကိုယ်ကာယလှုပ်ရှားမှုကိုနည်းပါး သွားစေပါသည်။ ထို့အပြင် တီဗွီကြည့်စဉ် အစာစားသည့်ဓလေ့ ကြောင့် စွမ်းအင်ဓာတ်ပိုလွန်ကဲစွာ စားသုံးမှုကို အားပေးရာရောက်ပါ သည်။ တီဗွီကြည့်စဉ် အဆာပြေမုန့် များစားသုံးခြင်း၊ အချိုရည်များ သောက်သုံးခြင်းများကို ပိုမိုပြုလုပ်စေ နိုင်ပါသည်။ လူမှုနေထိုင်မှုဘဝတွင် စက်များ ပိုသုံးစွဲလာခြင်း၊ ကားများအသုံးပြုခြင်း များပြားလာခြင်း ကြောင့် စက်မှုဖွံ့ဖြိုး ပြီးနိုင်ငံများတွင် ကိုယ်ကာယလှုပ်ရှားမှုကို လျော့ နည်းလာစေလျက်ရှိပါ သည်။
တရုတ်ပြည်တွင် လေ့လာချက် များအရ အများပြည်သူအတွက် ကူးသန်းသွားလာရေးနည်းလမ်းများ(ဥပမာ-
ရထား၊ ဘတ်စ်) အသုံးမပြုဘဲ ကိုယ်ပိုင်ကားများအသုံးပြုခြင်း များပြားလာခြင်းက ကိုယ်ကာယလှုပ်ရှားမှုကို
နည်းပါးလာစေကြောင်း တွေ့ရှိခဲ့ပါသည်။ တရုတ်ပြည်၏ ဒေသကြီး(၈)ခုတွင် လေ့လာချက်များအရ၊ သက္ကရာဇ် (၁၉၈၉) ခုနှစ်နှင့်(၁၉၉၇)ခုနှစ်များ အတွင်း အိမ်ထောင်စုများ၏ (၁၄) ရာခိုင်နှုန်းတို့သည် ကိုယ်ပိုင်ကားများ ပိုင်ဆိုင်လာခဲ့ကြကြောင်း တွေ့ရပါသည်။ ကိုယ်ပိုင်ကားပိုင်ဆိုင်လာသူ အမျိုးသားများသည် ကိုယ်အလေးချိန် (၁.၈)ကီလိုဂရမ် အလေးချိန်တိုးလာကာ၊ အထက်ဖော်ပြပါ ကာလအတွင်းအဝလွန်ကဲမှုပိုမိုဖြစ်ပေါ်လာရန် နှစ်ဆပိုမိုလာကြကြောင်းတွေ့ရပါသည်။ စက်မှုနည်းပညာ များကို ကုန် ထုတ်လုပ်ငန်းများတွင် အသုံးပြုများ လာကြသော ဈေးကွက်စီးပွားရေးစနစ်တွင် လူတို့၏ ကိုယ်ခန္ဓာလှုပ်ရှားမှုသည် ပိုမိုနည်းပါးလာကြပါသည်။ တရုတ်ပြည်၏ အမျိုးသားကျန်းမာ ရေးနှင့် အာဟာရလေ့လာရေးစစ်တမ်းများအရ (၁၉၉၆)ခုမှ(၂၀ဝ၁) ခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ တရုတ်လူမျိုးများအတွင်း ကိုယ်ကာယလှုပ်ရှားမှုသည် (၃၂)ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်းသိရပါသည်။ ယင်းသို့ ကိုယ်ကာယလှုပ်ရှားမှုနည်းပါးလာကြရခြင်း၏ အဓိကအကြောင်း အချက်မှာ လုပ်ငန်းခွင်အတွင်း လှုပ် ရှားမှုနည်းပါးလာကြခြင်းကြောင့် အဓိကဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါ သည်။
ဆေးလိပ်သောက်ခြင်း၊ စီးကရက်သောက်ခြင်းသည် အမျိုးအစား(၂) ဆီးချို၊ သွေးချိုဖြစ် ပေါ်လာစေရေး အတွက် သီးသန့်ရပ်တည်နေသော အကြောင်းတရားတစ်ခုဖြစ်ပါသည်။ ဆေးလိပ်သောက်သူ များသည် ဆေးလိပ်မသောက်သူများ ထက်(၄၅)ရာခိုင်နှုန်းပိုမို၍ ဆီးချို သွေးချိုရောဂါဖြစ်ပေါ်ကြကြောင်းသိ
ရှိရပါသည်။ ဆေးလိပ်သောက်သုံး သည့်ပမာဏစီးကရက်အရေအတွက် နှင့် ဆီးချို၊ သွေးချို ရောဂါဖြစ်ပေါ် လာမှုတိုက်ရိုက်ဆက်သွယ်နေကြောင်း ကိုလည်းတွေ့ရပါသည်။ ဆေးလိပ်သောက်ခြင်းနှင့် ဆီးချို၊  သွေးချိုဖြစ်ခြင်းတို့၏ ဆက်စပ်မှုကို ဇီဝဖြစ်စဉ်အကြောင်းအချက်အတော် များများဖြင့် ရှင်းပြနိုင်ပါသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူများနှင့် ယှဉ်ကြည့်လျှင် ပိန်သည်ဟုထင်ရသော်လည်း သုတေ သနပြုမှုများအရ ဆေးလိပ်သောက်သူများသည် ဗိုက်ရွှဲခြင်း(ဝမ်းတွင်း
အဆီများစုဝေးခြင်း)ပိုမိုဖြစ်ပေါ် ကြကြောင်းတွေ့ရပါသည်။ ထို့ကြောင့် အင်ဆူလင်ဟော်မုန်း၏ အာနိသင်ကို ဆန့်ကျင်မှုဖြစ်ကာ၊ အာနိသင် လျော့ နည်းကျဆင်းမှုများဖြစ်ပေါ်လာစေပါ သည်။ ဆေးလိပ်သောက်ခြင်းကကိုယ်ခန္ဓာတွင် ကော်တီစောခေါ် ဟော်မုန်းဓာတ်များပြားစေနိုင်သဖြင့်ယင်း မှတစ်ဆင့် ဝမ်းတွင်းအဆီစုဝေးခြင်းကို ပိုမိုဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက ရှင်းလင်းပြ ကြပါသည်။
ဆေးလိပ်သောက်ခြင်းသည် အမျိုးသမီးများတွင် အီစထရိုဂျင်ခေါ် အမျိုးသမီးဟော်မုန်းကို ဆန့်ကျင်မှု အာနိသင်ရှိကာ အမျိုးသားများတွင်မူ တက်စ်ထရိုစတီရုန်းခေါ် အမျိုးသား ဟော်မုန်းကို သွေးတွင်း နည်းစေမှုကို ဖြစ်စေပါသည်။ ဤအာနိသင်များကြောင့်လည်း အင်ဆူလင်ဟော်မုန်း အာနိသင်ကိုဆန့်ကျင်မှုဖြစ်စေကြောင်း ရှင်းပြခဲ့ကြပါသည်။တိရစ္ဆာန်များတွင် စမ်းသပ်ချက်များ အရ ဆေးလိပ်ခိုးများတွင် ပါသော နီကိုတင်းဓာတ်ကို မမွေးဖွားမီကာလနှင့် မွေးဖွားပြီးစကာလများတွင် ထိတွေ့မိပါက ပန်ကရိယ အကြိတ်အင်ဆူလင်ဟော်မုန်းထုတ်ပေးရာ ဘီတာဆဲလ်များအလုပ်လုပ်မှု စွမ်းအင်ကျဆင်းလာကြောင်း တွေ့ရှိခဲ့ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသား(၅၀)မှ(၆၀)ရာခိုင်နှုန်းတို့သည် ဆေး လိပ်သောက်သုံးကြပါသည်။ ဆေး လိပ် ကုမ္ပဏီများ၏ ဈေးကွက်မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးများသည်အာရှတိုက်တွင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါသည်။ ကမ္ဘာတွင် ယခု အခါ တရုတ်ပြည် ဆေးလိပ်(စီးကရက်)ထုတ်လုပ်မှု အများဆုံးနှင့် ဆေးလိပ်သောက်သုံးမှုအများဆုံးသောနိုင်ငံဖြစ်နေပါသည်။ စီးကရက်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံကို တရုတ်ပြည် တွင်းသုံးစွဲနေကြပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင်ဆေးလိပ်ထုတ် လုပ်မှုနှင့် သုံးစွဲမှုအများဆုံးနိုင်ငံဖြစ်နေ ပါသည်။ အိန္ဒိယနိုင်ငံတွင်မီးခိုးမထွက် ဘဲဆေးလိပ်ကြီးသုံးစွဲမှုဖြစ်သော ကွမ်းစားမှုကို အများအပြားသုံးစွဲနေကြပြီး၊ (၄၀) ရာခိုင်နှုန်းသောသူတို့က ဘီဒီ ခေါ် ဆေးလိပ်သောက် သုံးမှုပြုနေကြပါသည်။ ယင်းဘီဒီဆေးလိပ်နှင့် ကွမ်းများသည် အမြတ်ခွန်ကောက်ခွင့်မှ လွတ်ကင်းခွင့် ရနေကြပြီး မြို့နေဆင်းရဲသူလူအများစုကို အလုပ် အကိုင်အခွင့် အလမ်းပေးနေကြသော လုပ်ငန်းများလည်း ဖြစ်နေကြပါသည်။ ဆေးလိပ်သောက်သုံးမှုများ လွန်းနေသောတိုင်းပြည်များ တွင် ဆေးလိပ်သောက်သုံးမှုလျော့နည်းအောင် ပြည်သူ့ကျန်းမာရေးနည်းလမ်းများဖြင့် ဦးတည်လုပ်ဆောင်နိုင်ကြမှသာလျှင် ကပ်ရောဂါအသွင်ဖြစ်ပေါ်နေသော ဆီးချို သွေးချိုရော ဂါနှင့် နောက်ဆက်တွဲရောဂါများကို ကာကွယ်တာဆီးနိုင်မည်ဖြစ်ပါသည်။

ပါမောက္ခဒေါက်တာတင့်ဆွေလတ်



Health Update Journal မှ ကူးယူဖော်ပြသည်။

Sunday, May 13, 2012

ဆီးချိုသွေးချိုရောဂါရှိလျှင်သစ်သီးစားသင့်သလား (ပါမောက္ခဒေါက်တာတင့်ဆွေလတ်)

ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသင့်၊ မသင့် ဆိုသော မေးခွန်းသည်များစွာအရေးကြီးပါသည်။ ဆရာဝန်၊ ဆရာမများက လူနာများအားအကြံပေးမှားလျှင် များစွာနစ်နာ မှုများဖြစ်ပေါ်လာနိုင်ပါသည်။ မှန်ကန်သောအကြံဥာဏ်များ ပေးနိုင်ပါကလည်းလူနာများအတွက်များစွာအကျိုး ဖြစ်ထွန်းနိုင်ပါသည်။ ဆရာဝန်၊ ဆရာမများကိုယ်တိုင်က ကျန်းမာရေး  ပြဿနာများကို ရှင်းရှင်းလင်းလင်းသိနားလည်ထားကြဖို့ လွန်စွာအရေးကြီးလှပါသည်။ အမ်ဘီဘီအက်စ်ဘွဲ့အတွက်ဖြစ်စေ၊ ဆေးပညာမှသိပ္ပံဘွဲလွန်အတွက်  ဖြစ်စေ သင်ယူမှတ်သားထားသောအသိပညာများသည် သာမာန်အားဖြင့် ၅ နှစ်သာခံသည် ဟုယေဘုယျ ယူဆကြပါသည်။ထို့အပြင် အစဉ်ပြောင်းလဲတိုးတက်နေသော ဆေးလောကကြီးထဲတွင် လှုပ်ရှား ရှင်သန်ဖို့ရာမှာ အသစ်ဖြစ်ပေါ်တွေ့ရှိချက်များကို အမြဲလေ့လာဖတ်ရှုနေကြရန်လိုအပ်ပါသည်။ အခြားနိုင်ငံများတွင် စဉ်ဆက်မပြတ်ပညာသင်ကြားရေးကို အထူးအားပေးကြပြီး၊  ဆရာဝန် မှတ်ပုံတင်ခြင်း သက်တမ်းကို ၅ နှစ်တစ်ခါသက်တမ်းပြန်တိုးကြရာ၌ စဉ်ဆက်မပြတ်ပညာရေးပြုလုပ်ထားပါသည်ဆိုသော သက်သေအထောက်အထားများ တင်ပြ၍ ဆရာဝန်မှတ်ပုံတင်သက်တမ်းပြန်တိုးကြရပါသည်။ အရေးကြီး သည်မှာ ဆရာဝန်ကြီးငယ်မဟူ၊ စဉ်ဆက်မပြတ်ဆေးပညာဆည်းပူးနေကြမှသာလျှင် အမြဲခေတ်မီနေ ပြီးခေတ်နှင့်ရင်ဘောင်တန်းလိုက်နိုင်မည်ဖြစ်ပါသည်။ သစ်သီးများနှင့်ပတ်သက်၍ ကျန်းမာသော လူကောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်နေထိုင်ရေးတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးရန်အရေးကြီးသည်။ဟင်းသီးဟင်းရွက်အစိမ်းတစ်နေ့လျှင်၃ခါပြင်(3Servings) စားရမည်ဆိုပါသည်။တစ်ခါပြင်(One Serving) ဆိုသည်မှာ တရုတ်ထမင်းစားပန်ကန်းလုံးတစ်လုံးစာ ဟင်းရွက်အစိမ်းများကို ဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်အစိမ်းစားလျှင်တစ်နေ့လျှင် ပန်းကန်လုံးသုံးလုံး စားရမည်ဆိုပါသည်။ ချက်ပြုတ်ထားသော ဟင်းသီး ဟင်းရွက်ဆိုလျှင် ပန်းကန်လုံးဝက်ကို One Serving တစ်ခါပြင်ဟုဆိုလိုရာ၊တစ်နေ့လျှင် ပန်းကန်းလုံးတစ်လုံးခွဲ စားရမည်ဟု ဆိုပါသည်။ ပိုမို လွယ်ကူ အောင်ပြောရလျှင် မုန့်ဟင်းခါးစားရာ၌ အသုံးပြုသော ဇီးဘရားဇွန်းသုံးဇွန်းလျှင် တစ်ခါပြင်ရှိသဖြင့် တစ်နေ့လျှင်ချက်ပြုတ်ပြီးဟင်းသီးဟင်းရွက် ၉ ဇွန်းစာ အနည်းဆုံးစားသုံးသင့်သည်ဟု ဆိုလိုပါသည်။ ဟင်းသီးဟင်း  ရွက်ဆိုသည်မှာ ဘူးသီး၊ ခရမ်းသီး၊ ရုံပတီသီး၊ ဒန့်ဒလွန်သီး၊ ဂေါ်ရခါးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်၊ ကင်ပွန်းချဉ်ရွက်စသည့် ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ အင်္ဂလိပ်လို Vegetables ဟုခေါ်သော ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ သစ်သီး (Fruits) ဟုဆိုရာ၌ငှက်ပျောသီးအမျိုးမျိုး (ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးငှက်ပျောသီးစသည်များ)ပန်းသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးစသည်တို့ကိုဆိုလိုပါသည်။သစ်သီးများကို ဆီးချိုသွေးချို မရှိသောလူများအနေဖြင့် တစ်နေ့လျှင် နှစ်ခါပြင် (Two Serving)စားသုံးသင့်သည့်ဟု ဆိုပါသည်။ တစ်ခါပြင်(OneServing) မှာ တရုတ်ထမင်းစားပန်းကန် လုံးတစ်ဝက်စာကို ဆိုလိုပါသည်။ လှီးစိတ်ထားသောသစ်သီးဝလံ၊နှစ်ခါပြင် (Two Serving)ဆိုသည်မှာပန်းကန်လုံး တစ်လုံးစာကို ဆိုလိုပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ စားသုံးရမည်ဆိုသည်မှာ ゞင်းအစားအစာများ စားသုံးခြင်းကြောင့် (၁) ဗီတာမင်ဓါတ်များ ရနိုင်ပါသည်။ (၂) ပိုတက်စီယမ်ဓါတ် ရနိုင်ပါသည်။ ပိုတက်စီယမ်သည် ဆိုဒီယမ် (ခေါ်) အငန်ဓါတ်နှင့်ဆန့်ကျင်ဖက်အာနိသင်သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါ သည်။ (၃) အမျှင်ဓါတ်(Fibre) များရနိုင်ပါ သည်။ ထို့ကြောင့်နေ့စဉ်ဝမ်းကို ပုံမှန် သွားစေနိုင်ပါသည်။ အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။ စားသုံးလိုက်သော ကစီဓါတ်မှ ဂလူးကို့စ် အချိုဓါတ်ကို စားပြီးပြီးချင်းသွေးထဲ ချက်ချင်းမရောက်အောင် ကာကွယ်ထားနိုင် သဖြင့် သွေးချိုဓါတ်ရုတ်တရက်ထိုး၍တက်ခြင်းကိုကာကွယ်ပေးနိုင်ပါ သည်။ (၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)များရနိုင်၍သွေးကြောများမာလာခြင်း (Artherosclerosis)နှင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်သည်ဟုဆိုပါသည်။ အထက်ပါ ကောင်းကျိုး အာနိသင်များရရှိစေရန်၊ ကျန်းမာသော လူများကိုဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစားသုံးရန် အကြံပြုကြခြင်းဖြစ်ပါသည်။ သို့ရာတွင် သစ်သီးဝလံများနှင့်ပတ်သက်၍ ဆီးချိုသွေးချိုရောဂါရှိလျှင် သီးသန့်စားသင့်ပါသည်။ အကြံ ဥာဏ်ပေးသင့်ပါသည်။ ဟင်းသီးဟင်းရွက်များကိုတော့ လူကောင်းများ ဆီးချိုသွေးချိုရောဂါမရှိသူများအတိုင်းများများစားသုံးစေသင့်ပါသည်။ သစ်သီးဝလံများတွင် ဖရပ်တို့စ် (Fructose)ခေါ်သစ်သီးဝလံမှရသောအချိုဓါတ်၊သကြားဓါတ်များပါပါသည်။ ဖရပ်တို့စ်သည် ကမ္ဘာပေါ်တွင် အချိုအရသာအပေးဆုံး၊ အချိုဆုံးဓါတ်ဖြစ်ကာ၊ ကမ္ဘာပေါ်တွင် ဤဖရပ်တို့စ်ဓါတ်များ ကျယ်ပြန့်ပေါများစွာ အသုံးပြုလာကြခြင်းကြောင့် ကမ္ဘာနှင့်အဝှမ်းဆီးချိုသွေးချိုရောဂါကပ်အသွင်ဖြစ် ပေါ်လာသည်ဟုလည်း အဆိုရှိပါသည်။ ဖရပ်တို့စ်အချိုဓါတ်ကို ပြောင်းဖူး (Corn) မှလည်းရနိုင်ပြီး၊ Corn Syrup ခေါ်ပြောင်းဖူးမှ ရသောအချို ရည်၊ ဖရပ်တို့စ်ကို အစားအစာများထုတ်လုပ်ရာ၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပါသည်။ ဖရပ်တို့စ်၊ သစ်သီးသကြားဓါတ် သည် ဂလူးကို့စ်သကြားဓါတ်ကဲ့သို့ပင် သကြားမော်လီကျူးတစ်လုံးသာပါ သဖြင့် ဂလူးကို့စ်ဓါတ်နှင့် ဓါတုဖွဲ့စည်း ပုံဆင်ပါသည်။ ကြံမှရသောသကြား (Sucrose) သည်အချိုခေါ် ဂလူးကို့စ်မော်လီကျူးနှစ်လုံးကို ဓါတုဗေဒနည်းအားဖြင့်တွဲထားခြင်းဖြစ်ကာ ကိုယ်ခန္ဓာအတွင်းတွင် ဂလူးကို့စ်အချို ဓါတ်နှစ်ခုကွဲသွားစေပါသည်။ ဖရပ်တို့စ် သစ်သီးသကြားဓါတ်မှာမူ ခန္ဓာကိုယ်အတွင်း၌ ဂလူးကို့စ်သို့ပြောင်းလဲသွားခြင်းမရှိပဲ။ အဆီဓါတ်သို့ပြောင်းလဲသွားကာ Triglyceride ခေါ်အဆီဓါတ် အနေဖြင့် အသည်းတွင်သိုလှောင်ထားပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသုံးရ မည်ဟု ပြောသောဆရာဝန်များကဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်သည် ခန္ဓာကိုယ်အတွင်းရောက်လျှင် ဂလူးကို့စ်ခေါ် အချိုဓါတ်သို့ပြောင်းလဲသွားခြင်းမရှိသဖြင့် သွေးချိုဓါတ်ကို မတက်စေနိုင်။ ထို့ကြောင့် သစ်သီး စားသုံးခြင်းကို ဆီးချိုသွေးချိုရောဂါရှင်များ ရှောင်ကျဉ်ရန် မလိုဟု ဆိုကြပါသည်။ စာရေးသူ အနေဖြင့် သစ်သီးစားသုံးခြင်းသည် သွေးချိုဓါတ်ကို မတက်စေနိုင် ဟူသောအဆိုကိုစာတွေ့အရရော၊ လက်တွေ့အရပါလက်မခံနိုင်ပါ။ နေ့စဉ်ကြည့်ရှုနေသောဆီးချိုသွေးချိုရောဂါရှင်များ သွေးချိုဓါတ်များနေလျှင် အသေအချာစစ်ဆေးကြည့်လျှင် သစ်သီးများ တစ်ခုမဟုတ်တစ်ခုကို ဆင်ခြေမျိုးစုံ၊ အကြောင်းမျိုးစုံပြကာ စားသုံးနေကြခြင်းကြောင့် ဖြစ်သည်ကိုနေ့စဉ်ကြုံတွေ့နေရပါသည်။ သိသာလွယ်သော ဥပမာများမှာ -သရက်သီးပေါ်ချိန်၊ ဖရဲသီးပေါ်ချိန်များတွင် ထင်ရှားပါသည်။ သရက်သီးစားပြီး၊ ဖရဲသီးစားပြီး လာသူတိုင်း သွေးချိုဓါတ်တိုင်းကြည့်လျှင် သွေးချိုဓါတ်အမြဲ 200mg/dl အထက်တွင် မြင့်တက်များပြားနေကာ အချို့ဆိုလျှင် 400mg/dlသို့မဟုတ် 500mg/dlအထက်မြင့်တက်များပြားနေသူများကို အမြဲတွေ့နေရပါသည်။  ထို့ကြောင့် ဆီးချိုသွေးချိုလူနာများ သစ်သီးစားသုံးသင့်သည်ဆိုသော အကြံပြုချက်ကို ဘဝင်မကျပဲ၊လက် ခံနိုင်ခြင်းလည်းမရှိပါ။ဆီးချိုသွေးချိုရောဂါရှင်များရော၊ဆရာဝန်ဆရာမများပါ မိမိတို့၏ အတွေ့အကြုံ ကို ပြန်ပြောင်း စဉ်းစားသင့်ကြပါသည်။ အချိုပေါ့သည်၊ ဆီးချိုသွေးချိုရောဂါရှင်များစားသုံးသင့်သည်ဟု မိမိအထင်သက်သက်ဖြင့် ပြောနေကြသောဂရိတ်ဖရုသီး၊ မာလကာသီး၊ နဂါးမောက်သီးများပင်လျှင် စားပြီးလျှင် သွေးချိုဓါတ် မြင့်တက်နေသည်ကို အစဉ်အမြဲတွေ့နေရသည်ကို ရိုးသားစွာဝန်ခံကြဖို့လိုပါမည်။ စာရေးသူ၏တင်ပြချက်မှားယွင်းနေသည်ဟုယူဆသူများအချိန် မရွေးဝေဖန်နိုင်ကြပါသည်။ ဆီးချိုသွေး ချို  ရောဂါရှင်များသစ်သီးမစားသုံးသင့်ကြောင်း စာတွေ့(Theory) ကိုလည်းတင်ပြပါဦးမည်။သစ်သီးမှရသော ဖရပ်တို့စ်သကြားဓါတ်သည် ကိုယ်ခန္ဓာအတွင်းဂလူးကို့စ်အဖြစ် မပြောင်းလဲသွား၍သွေးချိုဓါတ်မ တက်စေနိုင်ဟုဆိုစေကာမူ ゞင်းဖရပ်တို့စ်သကြားဓါတ်သည် အဆုံးစွန်တွင် အဆီဓါတ် (Glycerol) အဖြစ်ပြောင်းလဲကာ Triglyceride အဆီဓါတ်အဖြစ် အသည်းတွင်းသိုလှောင်ထားကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သစ်သီးများများစားလျှင် သွေးတွင်းအဆီဓါတ်ကိုမြင့်တက်စေနိုင်သကဲ့သို့၊ အသည်းအဆီဖုံးခြင်း (Fatty Liver) ကိုလည်းဖြစ်စေနိုင်ပါသည်။ အသည်းတွင်းအဆီများ စုပုံ လာစေခြင်းသည် ခန္ဓာကိုယ်မှထွက်လာသော အင်ဆူလင် ဟော်မုန်းဓါတ်၏သွေးချိုဓါတ် ကျစေသော အာနိသင်ကိုဆန့်ကျင်မှုဖြစ်စေ ခြင်းကြောင့်သွေးချိုဓါတ်ထိန်းသိမ်းမှုကို ချို့ယွင်းစေနိုင်ပါသည်။ အင်ဆူလင်ဟော်မုန်းဓါတ်အာနိသင်ကိုဆန့်ကျင်မှု (Insulin Resist-ance)သည် ဆီးချိုသွေးချိုရော ဂါဖြစ်စေသောအကြောင်းအချက်တစ်ခုပင် ဖြစ်ပါသည်။ သစ်သီးစားပြီး သွေးချိုဓါတ်တက်ရသည့် အခြားအကြောင်းအချက်တစ်ခုရှိပါသည်။သစ်သီးဝလံတိုင်းတွင်ဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်အပြင် ဂလူးကို့စ်အချိုဓါတ်အစဉ်အမြဲတွဲ၍ ပါသည်။ သစ်သီးအမျိုးအစားအလိုက် ဖရပ်တို့စ်နှင့် ဂလူးကို့စ်ပါဝင်မှု အချိုးပြောင်းလဲမှုရှိနိုင်သော်လည်း အဓိကအချက်မှာ သစ်သီးစားလိုက်လျှင် ဖရပ်တို့စ်သကြားဓါတ်တစ်ခု တည်း ကိုယ်ခန္ဓာတွင်း ဝင်ရောက်သွားခြင်းမဟုတ်ဘဲ၊ အတူတွဲပါလာသော ဂလူးကို့စ်ဓါတ်လည်း ခန္ဓာကိုယ်တွင်း ဝင်ရောက်လာခြင်းကြောင့် သွေးချိုဓါတ်ကို မြင့်တက်စေနိုင်ပါသည်။ သစ်သီးတစ်မျိုး စီတွင်ပါသော ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့၏ အချိုးအစားပါဝင်မှုနှုန်းထားများကို ဇယားအနေဖြင့် တင်ပြနိုင်သော်လည်းစာလေးမည် ရှုပ်ထွေးမည်စိုး၍ မတင်ပြခြင်းဖြစ်ပါသည်။ အထက်တင်ပြ ချက်များကို ပြန်လည်စုစည်းတင်ပြရလျှင် သစ်သီးများစားသုံးခြင်းသည်လည်း သွေးချိုဓါတ်ကို တက်စေနိုင်သည်။ ကိုယ်ခန္ဓာတွင်းဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်သည်။
 
(၁) သစ်သီးများတွင်ပါသော ဖရပ်တို့စ်နှင့်တွဲလာသော ဂလူးကို့စ်များကြောင့် သွေးချိုဓါတ်ကိုချက်ချင်း တက်စေနိုင်ပါသည်။
 
 (၂) ဖရပ်တို့စ်သကြားဓါတ်သည် အဆုံးတွင် အဆီဓါတ်သို့ပြောင်းကာအသည်းတွင် စုပုံလာကာ၊ Insulin Resistance ခေါ်အင်ဆူလင်အာနိသင်ကိုဆန့်ကျင်စေခြင်းဖြင့်လည်း သွေးချိုဓါတ်မြင့်တက်စေခြင်းကို အားပေးပါသည်။
 
 (၃) သစ်သီးမှရသောဖရပ်တို့စ်သကြားဓါတ်များကြောင့် အသည်းတွင်းအဆီစုပုံနေခြင်း(Fatty Liver)နှင့် သွေးတွင်းအဆီများပြားစေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။
 
 (၄) ဖရပ်တို့စ် အချိုဓါတ်များစွာစားသုံးခြင်းက ကိုယ်အလေးချိန်ကိုမြင့်တက်လာစေကာအဝလွန်ကဲမှု ကိုဖြစ်စေနိုင်ပါသည်။ 

အထက်ပါအကြောင်းများကြောင့် စာရေးသူသည် ဆီးချိုသွေးချိုလူနာများကို သစ်သီးစားသုံးရန် မတိုက် တွန်းပါ။ အထူးသဖြင့်သွေးချိုဓါတ်များများပြားနေစဉ်၊ သွေးချိုဓါတ်ထိန်းသိမ်းမှုမကောင်းစဉ်တွင် သစ်သီးများလုံးဝမစားသုံးသင့်ပါ။ သစ်သီးများအစား ဟင်းသီးဟင်းရွက်ကို ပိုမို၍ များများ စားသုံးသင့်ကြ ပါသည်။ သွေးချိုဓါတ်ထိန်းသိမ်းမှုကောင်းလာလျှင်မူ သစ်သီးများကိုအာသာပြေရုံလျှော့၍ စားသုံးသင့်ပါသည်။ပန်းသီးစားလျှင်တစ်ခြမ်း၊ လိမ္မော်သီးစားလျှင်တစ်ခြမ်း၊ငှက်ပျော်သီးစားလျှင်တစ်ဝက်စ သည်ဖြင့် ယခင်စားသည်ထက် တစ်ဝက်လျှော့ စားသုံးသင့်ပါ သည်။ အစာအိမ်တွင် အစာမရှိချိန်မှာ သစ်သီးသက်သက်မစားသင့်ပါ။ သွေးချိုဓါတ်ကို အထိန်းအချုပ်မရှိ ရုတ်တရက်မြင့်တက်စေနိုင်ခြင်းကြောင့် မစားခိုင်းခြင်း ဖြစ်ပါသည်။ သစ်သီးစားလို လျှင် ထမင်းစားပြီးစအချိန်မျိုး၊ ဟင်း သီးဟင်းရွက်များစားသုံးပြီးစ အချိန် မျိုးကိုတွဲ၍စားသုံးပါလျှင် သွေးချိုဓါတ်ရုတ်တရက်ထိုးတက်ခြင်းကို ကာကွယ်ရာရောက်ပါမည်။

ပါမောက္ခဒေါက်တာတင့်ဆွေလတ်

Health Update Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။