Pages

Monday, May 28, 2012

*သဒ္ဒါ ကို ဘာကြောင့် ကျွန်ုပ်တို့ သိကျွမ်းနားလည်ရမှာလဲ...?*

သဒ္ဒါဆိုတာ... ဘာသာစကားရဲ့ အသုံးအနှုံးနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို လေ့လာတဲ့
အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။ စကားပြောတဲ့အခါမှာပဲ ဖြစ်ဖြစ်..
စာရေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ မှန်ကန်ပြီး နည်းလမ်းကျမှုတွေရှိအောင်၊ သဒ္ဒါက
သင်ပြလမ်းညွှန်ပေးတယ်။ ဘာကြောင့် ထုံးတမ်းနည်းလမ်းကျမှုတွေ
လိုအပ်တယ်ဆိုတာကိုလည်း ရှင်းပြပေးတယ်။ သဒ္ဒါလေ့လာမှုက ဘာသာစကားကို
တိုးတက်ကောင်းမွန်စေတယ်။ ပိုပြီး ထိထိမိမိ၊ ရှင်းရှင်းလင်းလင်း၊ ပီပီပြင်ပြင်၊
တိတိကျကျ ဖြစ်စေတယ်။ စိတ်ပါဝင်စားလာစေတယ်၊ အခြေခံသဒ္ဒါစည်းမျဉ်းတွေကတော့
ဘာသာစကားတွေ ကွဲပြားတာနဲ့အမျှ စည်းမျဉ်းတွေကလည်း ကွဲပြားခြားနားပါတယ်။
လူတွေရဲ့လိုအင်..လူတွေရဲ့ လိုအပ်ချက်တွေ ပြောင်းလဲသွားရင် သဒ္ဒါကလည်း
ပြောင်းလဲသွားပါတယ်။ ဘာသာစကားတစ်ခုရဲ့ စကားတွေကို အမျိုးအစား
ရှစ်မျိုးပိုင်းခြားထားပါတယ်။ ၀ါစင်္ကရှစ်မျိုးလို့ခေါ်တာပေါ့။ သူတို့တွေကတော့
"နာမ်၊ နာမ်စား၊ ကြိယာ၊ ကြိယာဝိသေသန၊ ၀ိဘတ်(ဦးစီးပုဒ်)၊ သမ္ဗန္ဒ္ဓ (အဆက်ပုဒ်)နဲ့
အာမေဋိတ်" တို့ ဖြစ်ကြပါတယ်။

No comments:

Post a Comment